​ဒေး​ဗစ်ဘက်ခမ်း​​မိသား​စု ဗြိတိန်​တွင် ပြန်လည်​​ပြောင်း​ရွှေ့​​နေထိုင်ရန် စီစဉ်

alt

ဒေး​ဗစ်ဘက်ခမ်း​တို့​ မိသား​စုသည် အ​မေရိကန်မှ ဗြိတိန်သို့​ ပြန်လည်​ပြောင်း​ရွှေ့​ ​နေထိုင်ရန် စီစဉ်​နေ​ကြောင်း​ သတင်း​များ​ကဆိုသည်။ ဘက်ခမ်း​၏ ဇနီး​သည် ဗစ်တိုး​ရီး​ယား​သည် စတုတ္ထ​မြောက် ကိုယ်ဝန်ကို ​ဆောင်ထား​ပြီး​

အင်္ဂလန် လက်​ရွေး​စင်​ဟောင်း​ ​ဘောလုံး​သမား​၏ ​လော့​စ်အိန်ဂျယ်လိစ် ဂလက်စီနှင့်​ စာချုပ်သက်တမ်း​ ကုန်ဆုံး​မည့်​ ​နွေရာသီတွင် မိသား​စုအား​လုံး​ ဗြိတိန်ပြန်ရန် စီစဉ်​နေခြင်း​ဟု ဘက်ခမ်း​တို့​နှင့်​ ရင်း​နှီး​သူများ​ကဆိုသည်။ ဘက်ခမ်း​တို့​သည် ​လော့​စ်အိန်ဂျယ်လိစ်တွင် ​နေထိုင်ရခြင်း​ကို နှစ်သက်​ပျော်ရွှင်​သော်လည်း​ ဂလက်စီနှင့်​ စာချုပ်သက်တမ်း​ ကုန်ဆုံး​ချိန်တွင် အင်္ဂလန်ပြန်ရန် ဘက်ခမ်း​က ဆန္ဒပြင်း​ပြ​နေ​ကြောင်း​၊​ ဘက်ခမ်း​သည် ၎င်း၏ ကစား​သမား​ဘဝကို အင်္ဂလန် ကလပ်အသင်း​ တစ်ခုခုတွင် ကုန်ဆုံး​လိုစိတ် ရှိ​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

ဗစ်တိုး​ရီး​ယား​သည် သား​ ၃ ဦး​ ရှိ​သော်လည်း​ သမီး​မိန်း​က​လေး​ မ​မွေး​သဖြင့်​ သမီး​လေး​တစ်ဦး​ ရရှိရန် ​မျှော်လင့်​နေရာ ယခုကိုယ်ဝန်သည် သမီး​လေး​ ဖြစ်သဖြင့်​ တစ်မိသား​စုလုံး​ ​ပျော်ရွှင်​နေသည်ဟုလည်း​ သတင်း​များ​ကဆိုသည်။ ထို့​အပြင် ဗစ်တိုး​ရီး​ယား​သည် သား​ ၃ ဦး​အတွက် ​ကျောင်း​ထား​ရန် ဗြိတိန်တွင် စုံစမ်း​မှုများ​ ပြုလုပ်​နေခြင်း​ကလည်း​ ဘက်ခမ်း​တို့​ တစ်မိသား​စုလုံး​ ​မွေး​ရပ်​မြေပြန်မည်ဆို​သော သတင်း​များ​အား​ ပိုမိုခိုင်မာ​စေခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here