​မြို့​တစ်မြို့​​ကို သိမ်း​ပိုက်​​ထား​​သည့်​ သူပုန်​များ​​​အား​ ဆိုမာ​လီယာ​အစိုး​ရ​တပ် တိုက်ခိုက်​နိုင်ခဲ့​

alt

ဆိုမာလီယာ အစိုး​ရတပ်များ​သည် မြို့​တစ်မြို့​ကို သိမ်း​ပိုက်ထား​သည့်​ စစ်​သွေး​ကြွ သူပုန်များ​အား​ ​အောင်မြင်စွာ တွန်း​လှန်လိုက်နိုင်​ကြောင်း​ သိရသည်။ မတ်လ ၄ ရက်​နေ့​က အီသီယိုး​ပီး​ယား​၊​ ကင်ညာ နိုင်ငံများ​နှင့်​ နယ်စပ်အနီး​ရှိ မဟာဗျူဟာကျ​သော ဘူလိုဟာဝိုမြို့​ကို ၂ နှစ်လုံး​လုံး​ အယ်ရှာဘက် စစ်​သွေး​ကြွများ​က ထိန်း​သိမ်း​ထား​သော်လည်း​

အာဖရိကယူနီယံ၏ အ​ထောက်အပံ့​ကို ရရှိထား​သည့်​ အစိုး​ရတပ်များ​က ​အောင်မြင်စွာ ပြန်လည်တိုက်ခိုက် သိမ်း​ယူနိုင်ခဲ့​ခြင်း​ဖြစ်သည်။ ထို့​ကြောင့်​ မြို့​တော် မိုဂါဒစ်ရှူး​တွင်သာ နှစ်နှင့်​ချီ ပိတ်မိကာ စစ်​သွေး​ကြွများ​ကို ခုခံ​နေရသည့်​ အစိုး​ရတပ်များ​အတွက် သတင်း​ကောင်း​တစ်ခု ဖြစ်လာခဲ့​သည်။

သို့​သော်လည်း​ ​အောင်ပွဲအတွက် ကြီး​ကြီး​မား​မား​ ​ပေး​ဆပ်ခဲ့​ရပြီး​ ငြိမ်း​ချမ်း​ရေး​ထိန်း​သိမ်း​မှု တပ်ဖွဲ့​ဝင် ၅၀ ​ကျော် ​သေဆုံး​ခဲ့​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်ခဲ့​သည်။ အာဖရိက ယူနီယံ ငြိမ်း​ချမ်း​ရေး​ထိန်း​သိမ်း​မှု တပ်ဖွဲ့​ကမူ ယင်း​သတင်း​များ​ကို အတည်ပြုခြင်း​၊​ ငြင်း​ဆန်ခြင်း​ မရှိ​ချေ။ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​မှ ဗိုလ်မှူး​ချုပ် ​နေသန်မူဂီရှာက ယခုမြို့​ကို သိမ်း​ပိုက်နိုင်ခဲ့​ခြင်း​ကြောင့်​ အနီး​ဝန်း​ကျင် ​ဒေသများ​တွင် စစ်​သွေး​ကြွများ​၏ အဓမ္မ အုပ်ချုပ်​နေမှုကို ခံ​နေရသည့်​ ​ဒေသခံများ​အတွက် ပိုမိုလွတ်လပ်ခွင့်​ကို ​ဆောင်ကြဉ်း​ပေး​နိုင်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဆိုမာလီတပ်များ​သည် အယ်ရှာဘက် တပ်ဖွဲ့​များ​အား​ မြို့​၏​တောင်ဖက် ကီလိုမီတာ ၄၀ အကွာမျှထိ လိုက်လံတိုက်ခိုက်ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here