နိုင်ငံ​တွင်း​ ဆန္ဒပြမှုများ​​​ကို တား​မြစ်​သွား​​မည်ဟု ​ဆော်ဒီ​အာ​ရေဗျ​​အစိုး​ရ ​ပြောကြား​

alt

ဆော်ဒီအာ​ရေဗျ နိုင်ငံက နိုင်ငံ​အတွင်း​ ဆန္ဒပြမှုများ​ကို တား​မြစ်​သွား​မည်ဟု အတည်ပြု ​ပြောကြား​​လိုက်သည်။ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနက အစိုး​ရဆန့်​ကျင့်​ရေး​ ဆန္ဒပြမှု​အား​လုံး​ကို လုံခြံု​ရေး​ တပ်ဖွဲ့​များ​က ဖြိုခွင်း​သွား​မည်ဟု ရုပ်မြင်သံကြား​မှတဆင့်​ အတည်ပြု ​ပြောကြား​လိုက်သည်။

အ​ရှေ့​အလယ်ပိုင်း​နှင့်​ အာဖရိက​တိုက်​မြောက်ပိုင်း​ နိုင်ငံအချို့​တွင် ဖြစ်​ပေါ်​နေ​သော အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​​၏ ရိုက်ခတ်မှုကို ဘုရင့်​နိုင်ငံက ကြိုတင်​ကာကွယ်ရန် စီစဉ်လျက်ရှိသည်။ ​ဆော်ဒီဘုရင့်​ နိုင်ငံ​တော်၏ မွတ်ဆလင် ရှာရီယာဥပ​ဒေသည် ​ဆော်ဒီလူ့​အဖွဲ့​အစည်း​နှင့်​ အသင့်​တော်ဆုံး​ဖြစ်​ကြောင်း​ ​ဆော်ဒီဘုရင် အက်ဘဒူလာ၏ အစိုး​ရအဖွဲ့​ရှိ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနက ထုတ်ပြန်​ကြေညာသွား​သည်။ ​ဆော်ဒီအ​ရှေ့​ဖက် ​ဒေသအချို့​တွင် ဆန္ဒပြမှုအချို့​ ဖြစ်​ပေါ်လာရာ ရဲတပ်ဖွဲ့​က ကြိုတင်တပ်လှန့်​ ​စောင့်​ကြည့်​မှုများ​ ပြုလုပ်လျက်ရှိသည်။ နာမကျန်း​မှု​ကြောင့်​ နိုင်ငံရပ်ခြား​တွင် သွား​ရောက်ကုသမှု ခံယူ​နေသူ ဘုရင်အက်ဘဒူလာ ​ဆော်ဒီသို့​ ပြန်​ရောက်လာပြီး​ ရက်ပိုင်း​အတွင်း​ ဆန္ဒပြမှု​အချို့​ ​ပေါ်​ပေါက်လာခြင်း​ဖြစ်သည်။

ဘုရင်မင်း​မြတ်သည် ပြည်သူပြည်သား​များ​၏ အကျိုး​အတွက် ​ဒေါ်လာ ၃၇ ဘီလျံ ဖြည့်​စွက်သုံး​စွဲသွား​မည်ဖြစ်ပြီး​ အစိုး​ရ အမှုထမ်း​များ​အတွက် လစာ​ငွေ ၁၅ ရာခိုင်နှုန်း​ တိုး​မြှင့်​ကာ အိမ်ရာစီမံကိန်း​များ​၊​ ပြည်ပသို့​ သွား​ရောက်ပညာသင်ယူမှုများ​အတွက်လည်း​ ​ထောက်ပံ့​ကြေး​ ပို​ပေး​သွား​မည်ဟု ​ကြေညာထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here