အဆို​တော်​ဖြစ်လာမည့်​ ​ဟောလီး​​ဝုဒ်​မင်း​သမီး​ ဂွင်း​နက်​ပက်ထရို

alt

ဂွင်း​နက်ပက်ထရိုတစ်​ယောက် အဆို​တော်ဖြစ်လာ​တော့​မည်၏ဟု သိရသည်။ ​ဟောလီး​ဝုဒ် မင်း​သမီး​တစ်ဦး​အဖြစ် ​အောင်မြင်​နေ​သော ပက်ထရိုသည် သူမ၏ အနုပညာ ​ခြေလှမ်း​သစ်ကို စတင်ရန် စီစဉ်​နေပြီဖြစ်သည်။ ​အော်စကာဆုရှင် မင်း​သမီး​ ပက်ထရိုသည် Coldplay အဖွဲ့​မှ ခရစ်မာတင်နှင့်​ လက်ထပ်ထား​ပြီး​နောက် ဂီတကို ပိုမိုစိတ်ဝင်စား​လာခဲ့​သည်။

ပက်ထရိုသည် ယမန်နှစ်က ရုံတင်သည့်​ Country Strong ဇာတ်ကား​တွင် သူမ၏ အသံအရည်အ​သွေး​ကို ဇာတ်ဝင်သီချင်း​တစ်ပုဒ်ဖြင့်​ ပြသခဲ့​သည်။ Home အမည်ရှိ သီချင်း​သည် ​အော်စကာဆု​ပေး​ပွဲတွင် ရုပ်ရှင်သီချင်း​ ဆန်ခါတင်ဆုအဖြစ် စာရင်း​ဝင်ခဲ့​ကြောင်း​ သိရသည်။ အသက် ၃၈ နှစ်ရှိ ပက်ထရိုသည် ယခုအခါ Atlantic Records နှင့်​ ​ဒေါ်လာ ကိုး​သိန်း​တန် စာချုပ်ကို ချုပ်ဆိုပြီး​ ပထမဆုံး​ တစ်ကိုယ်​တော် သီချင်း​အယ်ဘမ် ထုတ်​ဝေရန် ပြင်ဆင်​နေပြီဟု ဗြိတိန်ထုတ် The Sun သတင်း​စာက ​ဖော်ပြခဲ့​သည်။

သူမသီဆိုမည့်​ ဂီတအမျိုး​အစား​ကို ပက်ထရိုက အတည်မပြု​သေး​သော်လည်း​ အ​မေရိကန်ထုတ် New York Post သတင်း​စာ Country Pop အမျိုး​အစား​ ဖြစ်မည်ဟု ​ဖော်ပြထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here