Chrome Browser အတွက် Version သစ် Google ထုတ်​​ဝေ

alt

Google က ၎င်းတို့​၏ Web Browser ဖြစ်​သော Chrome အတွက် Version သစ်ကို ထုတ်​ဝေလိုက်ပြီဖြစ်သည်။ Chrome 10 တွင် လုံခြံု​ရေး​ဆိုင်ရာ ပြုပြင်​မွမ်း​မံမှု ၂၃ ခုထိ ပြုလုပ်ထား​ပြီး​ GPU မြှင့်​တင်စနစ် ထည့်​သွင်း​ထား​သည့်​ ပထမဆုံး​ Browser​ အဖြစ် Google က ​ကြွေး​ကြော်ခဲ့​သည်။

Flashကို ထည့်​သွင်း​ပေး​ထား​ပြီး​ Tab Setting များ​၊​ Out-of Date Plug-in သတင်း​ပေး​ပို့​မှုများ​ ပါဝင်လာမည်ဖြစ်သလို Chrome 9 ထက်လည်း​ သိသိသာသာ မြန်နှုန်း​​မြင့်​မည်ဟု Google က ကတိပြုထား​သည်။ ​လေ့​လာသူများ​က JavaScript နှင့်​ ပတ်သက်၍ တည်ငြိမ်စွာ ​ထောက်ပံ့​နိုင်ခြင်း​ ရှိမရှိကို စိုး​ရိမ်​နေကြ​ဆဲဖြစ်သည်။ Microsoft က မတ်လ ၁၄ ရက်​နေ့​တွင် IE9 ကို ထုတ်​ပေး​မည်ဖြစ်ပြီး​ Mozilla ကလည်း​ Firefox RC ကို ထုတ်​ဝေခဲ့​ချိန်တွင် Google က ​ဈေး​ကွက်အတွင်း​ Chrome 10 ဖြင့်​ အား​ပြိုင်လာခြင်း​ဖြစ်သည်။ Google ၏ Chrome သည် Browser သုံး​စွဲမှု စုစု​ပေါင်း​တွင် Firefox နှင့်​ IE တို့​နောက်တွင်သာ ရှိ​နေ​သေး​သော်လည်း​ Google က ပိုမို​ကောင်း​မွန်​အောင် ကြိုး​ပမ်း​နေဆဲဖြစ်သည်။ ​

လေ့​လာသူများ​က Google သည် ပရိသတ် လက်ခံမှုကို အလျင်မြန်ဆုံး​ ရရှိ​နေသည့်​ Browser အဖြစ် ​ထောက်ခံခဲ့​ပြီး​ ၎င်းသည် သက်တမ်း​ လအနည်း​ငယ်အတွင်း​မှာပင် တတိယ​နေရာမှ Safari ကို ​ကျော်တက်လာပြီး​ IE နှင့်​ Firefox တို့​ကို ဖိအား​ပေး​နိုင်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here