နိုင်ငံခြား​သား​​သတင်း​ထောက်များ​ကို ရိုက်နှက်​သည်​ဆိုမှု​အား​ တရုတ်​​ငြင်း​ဆို

alt

တရုတ်နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက တရုတ်နိုင်ငံအတွင်း​ နိုင်ငံခြား​သား​ သတင်း​ထောက်များ​ကို ရိုက်နှက်မှုများ​ ဖြစ်​ပေါ်ခဲ့​သည်ဆို​သော သတင်း​များ​ကို ငြင်း​ဆိုသွား​သည်။ မတ်လ ရ ရက်​နေ့​က ဝန်ကြီး​ ယန်ဂျီချီသည် ​ဘေဂျင်း​မြို့​တွင် ကျင်း​ပသည့်​ အမျိုး​သား​ပြည်သူ့​ ကွန်ဂရက်တွင် ယခုသတင်း​များ​နှင့်​ပတ်သက်၍ ပယ်ချ​ပြောဆိုသွား​ခြင်း​ဖြစ်သည်။

ထို့​အပြင် အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​နှင့်​ နိုင်ငံခြား​သား​ သတင်း​ထောက်များ​ကို တရုတ်ရဲတပ်ဖွဲ့​က ပစ်မှတ်ထား​ တိုက်ခိုက်​နေသည်ဆို​သော သတင်း​များ​မှာလည်း​ အ​ခြေအမြစ်မရှိဟု ယန်ကဆိုသည်။ တရုတ်နိုင်ငံသည် တရား​ဥပ​ဒေ စိုး​မိုး​သော နိုင်ငံတစ်ခုဖြစ်ပြီး​ မိမိတို့​ကလည်း​ ဥပ​ဒေ​ဘောင်အတွင်း​မှသာ ကိုင်တွယ်​ဆောင်ရွက်​နေ​ကြောင်း​ ယန်ကဆိုသည်။ ထို့​အပြင် အ​ရှေ့​အလယ်ပိုင်း​ဒေသ နိုင်ငံအချို့​တွင် ဖြစ်ပွား​နေ​သော အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​သည် တရုတ်နိုင်ငံသို့​ ဂယက်ရိုက်ခတ်မှု မရှိ​ကြောင်း​ကိုပါ ယန်က ​ပြောကြား​သွား​ခဲ့​သည်။ ၎င်းက နိုင်ငံရပ်ခြား​ သတင်း​ထောက်များ​အ​နေနှင့်​လည်း​ တရုတ်၏ ပြည်ထဲ​ရေး​ ဥပ​ဒေများ​ကို ​လေး​စား​လိုက်နာရန် လိုအပ်​ကြောင်း​မူ သတိ​ပေး​သွား​သည်။

တရုတ်နိုင်ငံ၏ တရား​ဥပ​ဒေမှာ ​လေး​စား​လိုက်နာသူများ​အတွက် အပြည့်​အဝ အကာအကွယ်​ပေး​နိုင်မည်ဖြစ်​ကြောင်း​ ယန်က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here