ထိုင်ဝမ်​တွင် အရက်​ဘား​​မီး​လောင်​ကျွမ်း​မှု​ကြောင့်​ လူ ၉ ဦး​​သေဆုံး​

alt

ထိုင်ဝမ်တွင် ဘား​တစ်ခု မီး​လောင်ကျွမ်း​မှု ဖြစ်ပွား​ရာ လူ ၉ ဦး​ ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ မတ်လ ၆ ရက်​နေ့​ နံနက်အ​စောပိုင်း​က ကပွဲကြမ်း​မြင်မှ စတင်​လောင်ကျွမ်း​သောမီး​ကြောင့်​ ​နောက်ထပ် ၁၂ ဦး​ ဒဏ်ရာရခဲ့​ကြောင်း​ ထိုင်ဝမ်သတင်း​များ​က ​ဖော်ပြခဲ့​သည်။

တိုင်ချန်း​ရှိ Ala အရက်ဘား​တွင် က​နေသူတစ်ဦး​က မီး​ရှူး​​မီး​ပန်း​​တစ်ခုကို ​လေထဲ​မြှောက်လိုက်ရာမှ မီး​စ​လောင်ခြင်း​ဟု မျက်မြင်များ​ကဆိုသည်။ ထိုမီး​ပန်း​သည် ​ရေမြှုပ်ကပ်ထား​သော မျက်နှာကျက်ကို စွဲ​လောင်ရာမှ မီး​လောင်မှု စတင်ဖြစ်ပွား​ခဲ့​ခြင်း​ဟု သိရသည်။ မီး​သည် လျင်မြန်စွာ ကူး​စက်​လောင်ကျွမ်း​ခဲ့​သော်လည်း​ အချိန်အနည်း​ငယ်အတွင်း​ ထိန်း​ချုပ်နိုင်ခဲ့​ကြောင်း​ သိရသည်။ ​သေဆုံး​သူ အများ​စုသည် ​ကြောက်လန့်​တကြား​ ထွက်​ပြေး​ရင်း​ ဒုတိယနှင့်​ တတိယထပ်များ​တွင် ပိတ်ညပ်မိခဲ့​ခြင်း​ဟု ရဲများ​ကဆိုသည်။ ယခုအခါ ရဲများ​က အသက် ၂၈ နှစ်အရွယ် လူတစ်ဦး​ကို ထိန်း​သိမ်း​ထား​သလို ဘား​ဝန်ထမ်း​များ​ကိုလည်း​ စုံစမ်း​မေး​မြန်း​မှုများ​ ပြုလုပ်လျက်ရှိသည်။

ဘား​သို့​ လာ​နေကျ ​ဖောက်သည်များ​ကမူ ယင်း​အရက်ဘား​တွင် မီး​ဖြင့်​ ကပြခြင်း​သည် အထူး​အစီအစဉ် တစ်ရပ်အဖြစ် သတ်မှတ်ထား​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here