၁၉၆၇ ခုနှစ်​က အရူး​​​လုပ်​ခံ​ခဲ့​​ရသည့်​ ဗြိတိန်​​ကာကွယ်​ရေး​​ဝန်ကြီး​​ဌာန​၏ ဖြစ်ရပ်​အား​ ပြန်လည်​​ဖော်ပြ

alt

၁၉၆၇ ခုနှစ်က ​ကျောင်း​သား​လေး​များ​၏ အ​ပျော်တမ်း​ ဖန်တီး​မှုတစ်ခု​ကြောင့်​ ဗြိတိသျှ ကာကွယ်​ရေး​ ဝန်ကြီး​ဌာန တစ်ခုလုံး​ အရူး​မီး​ဝိုင်း​ ဖြစ်ခဲ့​ရပုံကို စာအုပ်တစ်အုပ်က ပြန်လည်​ဖော်ပြလိုက်သည်။ ​ကျောင်း​သား​လေး​များ​က ပန်း​ကန်ပြား​ပျံ ဇာတ်လမ်း​တု တစ်ခုကို ဖန်တီး​ပြီး​ အင်္ဂလန်​တောင်ပိုင်း​တွင် ဝက်အူ​ချောင်း​ပုံ ယာဉ်ပျံများ​ကို ​တွေ့​ရှိရ​ကြောင်း​ ဝိုင်း​ဝန်း​သတင်း​ပေး​ခဲ့​ခြင်း​ဖြစ်သည်။

ထိုအချိန်က ဂြိုဟ်သား​များ​ ကမ္ဘာ​မြေ​ပေါ် ကျူး​ကျော်လာပြီဟူ​သော သတင်း​ပါ ပျံ့​နှံ့​လာရာ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနသည် စစ်တပ်များ​၊​ ရဲတပ်ဖွဲ့​များ​ကို အလျင်အမြန် တပ်ဖြန့်​ခဲ့​ရသည်။ ဂျွန်ကီလင် ​ရေး​သား​သော စာအုပ်တွင် ယခုသတင်း​မှား​သည် ဗြိတိန်အစိုး​ရကို တုန်လှုပ်​စေခဲ့​သည့်​ အတုအ​ယောင် သတင်း​များ​အနက် အား​အ​ကောင်း​ဆုံး​ တစ်ခုအဖြစ် ​ဖော်ပြထား​သည်။ ထို့​အပြင် တစ်ကမ္ဘာလုံး​တွင် ဖြစ်​ပေါ်​နေသည့်​ ပန်း​ကန်ပြား​ပျံ သတင်း​များ​အနက်လည်း​ ထိ​ရောက်မှု အကြီး​မား​ဆုံး​ဟု ကီလင်က သုံး​သပ်ခဲ့​သည်။

ထို့​အပြင် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနအတွက်လည်း​ အကြီး​မား​ဆုံး​ ​မော်ကွန်း​ဝင် အလိမ်ခံရမှုကြီး​တစ်ခုအဖြစ် ၎င်းက ​ရေး​သား​သွား​ခဲ့​သည်။ ထိုစဉ်က ​ကျောင်း​သား​လေး​များ​သည် X-Ray နည်း​ပညာကို အသုံး​ပြုကာ ပန်း​ကန်ပြား​ပျံ ​ခြောက်စင်း​တို့​ ဝင်​ရောက်လာသည့်​ဟန် ဖန်တီး​ခဲ့​ကြခြင်း​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here