ကမ္ဘာ့​​အချမ်း​သာဆုံး​​ပုဂ္ဂိုလ် ကား​လို့​​​ဆလင်း​ ကိုယ်ပိုင်​​ပြတိုက်​​​တည်​ဆောက်

alt

ကမ္ဘာ​ပေါ်တွင် အချမ်း​သာဆုံး​ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထား​ရသူ ကား​လို့​ဆလင်း​သည် ၎င်းပိုင် သီး​သန့်​ပြတိုက် တစ်ခုအား​ တည်​ဆောက်ခဲ့​ကြောင်း​ သိရသည်။ Telecom သူ​ဌေး​ကြီး​ ဆလင်း​သည် ၎င်းအထူး​တလည် စု​ဆောင်း​ထား​သည့်​ အနုပညာ လက်ရာများ​၊​ ရှား​ပါး​ပစ္စည်း​များ​အတွက် ယခုပြတိုက်အား​ တည်​ဆောက်ခဲ့​ခြင်း​ဖြစ်သည်။

အဖိုး​မဖြတ်နိုင်​လောက်​အောင် တန်​ကြေး​ရှိသည်ဟု ယူဆနိုင်​သော မက္ကစီကို ပန်း​ချီဆရာ ဒီ​ယေဂို ရီဗာရာ၏ လက်ရာများ​၊​ ပြင်သစ် ပန်း​ပုပညာရှင် ​အော်ဂက်စတက် ရိုဒင်၏ ပန်း​ပုများ​နှင့်​ အီတလီ နာမည်​ကျော် အနုပညာရှင် လီယိုနာဒို ဒါဗင်ချီ၏ လက်ရာများ​ကို စု​ဆောင်း​​ထား​သည်။ ပြတိုက်ကို အဆိုပါ ကု​ဋေကြွယ် သူ​ဌေး​ကြီး​​၏ ကွယ်လွန်ရှာပြီဖြစ်​သော ဇနီး​၏ အမည်ကို အစွဲပြုကာ ဆူမာယာ ပြတိုက်ဟု အမည်​ပေး​ထား​သည်။ ၎င်းစု​ဆောင်း​ထား​သည့်​ အနုပညာ ပစ္စည်း​ပေါင်း​ ၆၆၀၀၀ ​ကျော်ကို ထည့်​သွင်း​ထား​သည့်​ ပြတိုက်ထဲသို့​ ဆလင်း​က ၎င်း၏ ဧည့်​ပရိသတ် အချို့​ကို ​ခေါ်​ဆောင်​ပြသ​ခဲ့​သည်။

ဆလင်း​​သည် စုစု​ပေါင်း​ ​ဒေါ်လာ ၃၅.၅ ဘီလျံမျှထိ ပိုင်ဆိုင်​ကြောင်း​ Forbes မဂ္ဂဇင်း​က ခန့်​မှန်း​ထား​သည်။ အသက် ရ၁ နှစ်အရွယ် ရှိ​နေပြီဖြစ်​သော ဆလင်း​သည် လက်ဘနွန်ဖွား​ ကုန်သည်​တစ်ဦး​၏ သား​ဖြစ်ပြီး​ မက္ကစီကို နိုင်ငံသား​အဖြစ် ခံယူကာ တစထက်တစ ကြီး​ပွား​ချမ်း​သာလာခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here