ဗြိတိန်​နိုင်ငံတွင် Facebook ၏ ထိုး​ဖောက်​​​​နေရာယူမှု အလွန်​​​ကျယ်ပြန့်​လာ

alt

Facebook ဝက်ဆိုက်၏ ဗြိတိန်​နိုင်ငံအတွင်း​ ထိုး​ဖောက်​နေရာယူမှုသည် အလွန်ကျယ်ပြန့်​လာ​နေပြီဖြစ်သည်။ ယခုအခါ ဗြိတိန်တွင် Facebook ပုံမှန် သုံး​စွဲသူ သန်း​ ၃၀ ထိ ရှိလာရာ နိုင်ငံလူဦး​ရေ၏ ထက်ဝက်သို့​ ​ရောက်ရှိလာ​ကြောင်း​ သိရသည်။

ယမန်နှစ် ဇူလိုင်လက ဗြိတိန်တွင် Facebook သုံး​စွဲရန် မှတ်ပုံတင်ထား​သူ ၄ သန်း​သာ ရှိခဲ့​ရာ ကာလတို​​အတွင်း​ သုံး​စွဲသူ အ​ရေအတွက် သိသာထင်ရှား​စွာ မြင့်​မား​လာခြင်း​ဖြစ်သည်။ Facebook၏ ဥ​ရောပဆိုင်ရာ ဌာနခွဲမှာ ဒုတိယ ဥက္ကဌ ဂျိုနာရှီး​က လန်ဒန်တွင် ပြုလုပ်သည့်​ ကွန်ဖရင့်​​တစ်ခုတွင် ယခု​ရလဒ်အ​ပေါ် Facebook ကုမ္ပဏီအ​နေနှင့်​ အလွန်စိတ်လှုပ်ရှား​ ​ကျေနပ်မိ​ကြောင်း​ ​ပြောကြား​သွား​သည်။ ၂၀၀၄ ခုနှစ်က မတ်ဇူကာဘက် ထူ​ထောင်ခဲ့​သော Facebook သည် ပုံမှန်သုံး​စွဲသူ သန်း​ ၅၀၀ ​ကျော် ရှိ​နေပြီဖြစ်သည်။ ယင်း​ပမာဏသည် လွန်ခဲ့​သော ရက် ၃၀ အတွင်း​ Log In ဝင်ခဲ့​သူများ​ကိုသာ ​ရေတွက်ထား​ခြင်း​ဖြစ်သည်။ ထို့​အပြင် တစ်လလျင် Facebook သုံး​စွဲချိန် မိနစ်​ပေါင်း​မှာ ဘီလျံ ရ၀၀ ​ကျော် ရှိ​နေသည်။

သုံး​စွဲသူများ​တွင် ပျမ်း​မျှအား​ဖြင့်​ မိတ်​ဆွေ ၁၃၀ စီရှိကြပြီး​ တစ်လလျင် အနည်း​ဆုံး​ ဖန်တီး​ရေး​သား​မှု၊​ Postအသစ်တင်မှု ၉၀ ထိ ပြုလုပ်​လေ့​ ရှိကြသည်။ Facebook တွင် ဝန်ထမ်း​အင်အား​ ၂၀၀၀ ​ကျော် ရှိ​နေပြီး​ Facebook အ​ကြောင်း​ ဇာတ်လမ်း​ဆင် ရိုက်ကူး​ထား​သည့်​ The Social Network ဇာတ်ကား​သည် ​အော်စကာ ရုပ်ရှင်ထူး​ချွန်ဆုအတွက် ဆန်ခါတင်အဆင့်​ပင် သတ်မှတ်ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here