စကား​လက်​​ဂျိုဟန်ဆင်နှင့်​ ​ရှောင်ပိန်း​​တို့​ ချစ်သူ​​ဖြစ်​​​နေပြီ​​ဟု သတင်း​များ​​​ထွက်​ပေါ်

alt

စကား​​လက် ဂျိုဟန်​ဆင်နှင့်​ ​ရှောင်ပိန်း​​​တို့​ ​နေ့​လယ်စာ အတူ​စား​​​နေကြသည်​ကို ​တွေ့​မြင်​​ရပြီး​​နောက် ၎င်းတို့​​နှစ်ဦး​ ချစ်သူ​ဖြစ်​​နေပြီ​​ဆို​သော သတင်း​များ​ ပိုမိုကျယ်​လောင်လာခဲ့​သည်။ အသက် ၅၀ အရွယ် ​အော်စကာ​​​ဆုရှင် မင်း​သား​ ​ရှောင်နှင့်​ ၂၆ နှစ်ရှိ Iron Man 2 မင်း​​သမီး​​တို့​အား​ မတ်လ ၁ ရက်​နေ့​က ​လော့​စ်အိန်ဂျယ်လိစ်ရှိ ကျူး​ဘား​စတိုင် စား​သောက်ဆိုင် Versailles တွင် အတူ​​တွေ့​ရှိခဲ့​ရခြင်း​​ဖြစ်သည်။

ဂျင်း​နှင့်​ တီရှပ်​​​တို့​ကိုသာ ​ပေါ့​ပေါ့​​ပါး​ပါး​ ဝတ်ဆင်​ထား​သည့်​ ဂျိုဟန်ဆင်သည် ​ရှောင်နှင့်​​အတူ ရှိ​နေသည်ကို ​ပျော်ရွှင်​နေပုံရ​ကြောင်း​ မျက်မြင်များ​က​ဆိုသည်။ ပြီး​ခဲ့​သည့်​ နှစ်ကုန်ပိုင်း​ကမှ ခင်ပွန်း​သည် ရိုင်ယန်​ရေး​​နိုး​နှင့်​ ကွာရှင်း​​​ထား​သည့်​ ဂျိုဟန်ဆင်သည် ယခင်​ကတည်း​က ​ရှောင်နှင့်​ သတင်း​​ထွက်ခဲ့​သော်လည်း​ ငြင်း​ဆန်​ခဲ့​သည်။ Pop ဂီတ ဘုရင်မ မက်​ဒေါနား​နှင့်​ပင် အိမ်​ထောင်ပြုခဲ့​ဖူး​သော ​ရှောင်သည် ဇန်နဝါရီလက​စပြီး​ ဂျိုဟန်ဆင်နှင့်​ ချိတ်ဆက်မိလာခြင်း​ဖြစ်သည်။

ဂျိုဟန်ဆင်​၏ ကိုယ်​ရေး​​​​အရာရှိ တစ်ဦး​ကမူ မင်း​သမီး​နှင့်​ ​ရှောင်တို့​ကြား​ အချစ်​ရေး​​သတင်း​ကို ပယ်ချ​ထား​ပြီး​ နှစ်​ပေါင်း​များ​စွာ ခင်မင်လာသည့်​ မိတ်​ဆွေများ​သာဖြစ်​ကြောင်း​ ​ပြောဆို​​ထား​သည်။ ​ရှောင်သည် ပြီး​ခဲ့​သည့်​နှစ် ဩဂုတ်​လ​ကမှ အိမ်​ထောင်သက် ၁၄ နှစ်​ရှိခဲ့​သော ဇနီး​သည် ရိုဘင်ရိုက်ပိန်း​နှင့်​ ကွာရှင်း​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here