ဗြိတိန်​​သည် ကိုကင်း​​​​​ရောင်း​ဝယ်​​​​ဖောက်ကား​​​​သူတို့​၏ ဗဟို​ချက်​​မ​​​​နေရာ​​ဖြစ်လာ

alt

ဗြိတိန်နိုင်ငံသည် ကိုကင်း​​ရောင်း​ဝယ်​​ဖောက်ကား​သူ အများ​စု​အတွက် ဗဟိုချက်မ ဖြစ်လာ​ကြောင်း​ ကုလသမဂ္ဂက သတိ​ပေး​ ​ပြောကြား​လိုက်သည်။ ဥ​ရောပတွင် ဗြိတိန်သည် မူး​ယစ်​ဆေး​ဝါး​ ​ရောင်း​ဝယ်​​ဖောက်ကား​သူများ​ အချိန်း​အချက် ပြုလုပ်ရာ ဆုံချက်တစ်ခု ဖြစ်လာပြီး​ နိုက်ကလပ်ကဲ့​သို့​ ​နေရာများ​တွင်

အ​ရောင်း​အဝယ် ညှိနှိုင်း​မှု ပြုလုပ်​လေ့​ရှိ​ကြောင်း​ ကုလ​သမဂ္ဂ လက်​အောက်ခံ နိုင်ငံတကာ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​​အဖွဲ့​ အစီရင်ခံစာက ​ဖော်ပြ​ထား​သည်။ မူး​ယစ်​ဆေး​ဝါး​ ​မှောင်ခို​သမား​များ​သည် ​ပေါ်တူဂီ၊​ စပိန်နှင့်​ နယ်သာလန်​တို့​မှတဆင့်​ ဗြိတိန်သို့​ ဝင်​ရောက်​​လေ့​ရှိ​ကြောင်း​ အစီရင်ခံစာ​က​ဆိုသည်။

ကိုကင်း​ဈေး​သည် ယခုအခါ အနည်း​ငယ် မြင့်​တက်လာ​သော်လည်း​ လူငယ်ပိုင်း​များ​အတွက် အလွယ်တကူ ထိ​တွေ့​ဝယ်ယူနိုင်ရန် လက်လှမ်း​မီ​သော ပမာဏမျှသာ ဖြစ်​နေ​ကြောင်း​ သိရသည်။ Class A အဆင့်​ ကိုကင်း​သည် ၅ နှစ်အတွင်း​ ၅၀ ရာခိုင်နှုန်း​မျှ ​ဈေး​တက်လာ​ကြောင်း​ နိုင်ငံတကာ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​​အဖွဲ့​ ဥက္ကဌ ဟာမစ်ဂူဆီက ​ပြောကြား​​ခဲ့​သည်။ ယခု​ကိစ္စသည် ဗြိတိန်တစ်ခုတည်း​ ကြံု​နေခြင်း​ မဟုတ်ဘဲ စပိန်၊​ ​ပေါ်တူဂီနှင့်​ နယ်သာလန်တို့​တွင်လည်း​ ချိတ်ဆက်​တွေ့​ကြံု​နေရ​ကြောင်း​ ဟာမစ်က ရှင်း​ပြခဲ့​သည်။

ဗြိတိန်နိုင်ငံတွင် စုစု​ပေါင်း​ လူဦး​ရေ၏ ၂.၄ ရာခိုင်နှုန်း​သည် ​နေ့​စဉ် ကိုကင်း​သုံး​စွဲ​နေပြီး​ ယင်း​မှာ ဥ​ရောပ တစ်တိုက်လုံး​တွင် အမြင့်​မား​ဆုံး​ နှုန်း​လည်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here