အ​မေရိကန်​​​​လေတပ်​သုံး​ ဆီဖြည့်​​​​လေယာဉ်​​​တင်သွင်း​​ခွင့်​ Boein ကုမ္ပဏီ​​ရရှိ

alt

အ​မေရိကန် ​လေတပ်​သုံး​ ဆီဖြည့်​​လေယာဉ်ကြီး​များ​ တင်သွင်း​ခွင့်​​အတွက် အပြိုင်အဆိုင် ကြိုး​ပမ်း​မှုတွင် Boeing က ​အောင်ပန်း​​ဆင်သွား​​ပြီဖြစ်သည်။ အ​မေရိကန် ကုမ္ပဏီကြီး​သည် ဥ​ရောပ​ပြိုင်ဖက် EADS နှင့်​ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး​နောက် အ​မေရိကန် ​လေတပ်​အတွက် ​ကောင်း​ကင်တွင် ဆီဖြည့်​နိုင်သည့်​ ​လေယာဉ်ကြီး​ ၁၇၉ စင်း​ ​ဆောက်လုပ်ခွင့်​ စာချုပ်ကို ပိုင်ဆိုင်​သွား​ခဲ့​သည်။

အ​မေရိကန်နှင့်​ ဥ​ရောပ ယူနီယံတို့​တွင် ယင်း​ကဲ့​သို့​ စစ်လက်နက်ဆိုင်ရာ ကုမ္ပဏီများ​ကြား​ အား​ပြိုင်မှုမှာ အစဉ်ရှိခဲ့​ပြီး​ တရား​မဝင် လာဘ်ထိုး​ချဉ်း​ကပ်မှုများ​ ရှိ​နေ​ကြောင်း​ စွပ်စွဲမှုများ​လည်း​ ထွက်​ပေါ်​လေ့​ရှိသည်။ EADS သည် ယခုအခါ အစိုး​ရ စာရင်း​စစ်အဖွဲ့​ (GAO) အား​ ဆန္ဒပြ ကန့်​ကွက်ရန် စီစဉ်​နေ​ကြောင်း​ သိရသည်။ မည်သို့​ပင်ဖြစ်​စေ ကန်ထရိုက်စာချုပ် သတင်း​သည် Boeing ကုမ္ပဏီတွင် ဝန်ထမ်း​သစ်များ​ လိုအပ်လာမည်ကို ညွှန်ပြ​နေသဖြင့်​ ကန်း​ဆက်နှင့်​ ဝါရှင်တန်တို့​တွင် အလုပ်အကိုင် အခွင့်​အလမ်း​ ပိုမိုများ​ပြား​လာဖွယ် ရှိ​နေသည်။

Boeing နှင့်​ EADS တို့​သည် ခရီး​သည်တင် ​လေယာဉ်များ​ ထုတ်လုပ်​ရောင်း​ချမှုတွင်လည်း​ အပြိုင်ဖြစ်​နေပြီး​ Boeing 767 နှင့်​ Airbus A330 တို့​မှာ ကမ္ဘာ​ပေါ်တွင် လူသုံး​အများ​ဆုံး​၊​ အ​ကျော်ကြား​ဆုံး​ ခရီး​သည်တင် ​လေယာဉ်များ​အဖြစ် ရပ်တည်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here