သက်ကြီး​​ရွယ်အိုများ​ကို မုဒိမ်း​​​ကျင့်​သည့်​ Taxi ယာဉ်​မောင်း​​​​အား​ ဗြိတိန်​ရဲတပ်ဖွဲ့​​ဖမ်း​ဆီး​

alt

သက်ကြီး​ရွယ်အိုများ​ကို မုဒိမ်း​ကျင့်​လေ့​ရှိသူ Taxi ယာဉ်​မောင်း​ တစ်ဦး​အား​ ဗြိတိန်ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​လိုက်သည်။ ၎င်းသည် အသက် ၈၆ နှစ်အရွယ်ရှိပြီး​ ဘီး​တပ်ကုလား​ထိုင်ဖြင့်​ သွား​လာ​နေရသူ အဖွား​အို တစ်ဦး​၏ ​နေအိမ်သို့​ ကျူး​ကျော်ဝင်​ရောက်ရန် ကြိုး​ပမ်း​စဉ် အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။

ရဲတပ်ဖွဲ့​က ဒယ်ရွိုင်ဂရန့်​၏ သား​ကောင်ဖြစ်ခဲ့​သူများ​ထဲတွင် အသက် ၈၉ နှစ်ထိ အရွယ်များ​ပင် ပါဝင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် ဂရန့်​သည် မျက်မမြင်များ​၊​ နား​မကြား​သူများ​၊​ အယ်ဇိုင်း​မား​နှင့်​ ပါကင်ဆန် ​ဝေဒနာရှင်များ​ကိုပင် အလွတ်မ​ပေး​ခဲ့​ဟု သိရသည်။ ၎င်းအား​ အဖွား​အို အများ​အပြား​နှင့်​ အဖိုး​အို နှစ်ဦး​တို့​၏ ​နေအိမ်များ​ကို ​ဖောက်ထွင်း​ဝင်​ရောက်ပြီး​ မုဒိမ်း​မှု၊​ လိင်​စော်ကား​မှုများ​ ကျူး​လွန်ခဲ့​သည့်​အတွက် ရဲက အလိုရှိ​နေခြင်း​ဖြစ်သည်။ ဂရန့်​သည် ​နေအိမ်များ​ ​ဖောက်ထွင်း​မှုအတွက်လည်း​ အမှုရင်ဆိုင်ရမည်ဖြစ်သည်။ ဂရန့်​က အဖိုး​အို၊​ အဖွား​အိုများ​ထံ ကျန်ရှိ​နေခဲ့​သည့်​ ၎င်း၏ DNA မှာ ချစ်သူ​ဟောင်း​က အမှုဆင်ထား​ခြင်း​သာဖြစ်​ကြောင်း​ ကန့်​ကွက်​ပြောဆိုခဲ့​သည်။ ၁၉၇၉ ခုနှစ်က လမ်း​ခွဲခဲ့​သည့်​ ဂျနက်ဝပ်ဆင်ထံတွင် ၎င်း၏ သုက်​သွေး​နှင့်​ သလိပ်နမူနာများ​ ကျန်ရစ်ခဲ့​ပြီး​ မိမိအား​ တမင်တကာ အဖမ်း​ခံရ​အောင် ဂျနက်က လုပ်ကြံဖန်တီး​နေ​ကြောင်း​ ဂရန့်​ကဆိုသည်။ ထို့​အပြင် အခင်း​ဖြစ်ရာ ​နေရာများ​တွင် ရရှိခဲ့​သည့်​ DNA မှာ သား​ဖြစ်သူထံမှလည်း​ ဖြစ်နိုင်သည်ဟု ​ပြောကြား​ခဲ့​သည်။

အသက် ၅၃ နှစ်အရွယ်ရှိပြီး​ ဆာ​ရေး​နှင့်​ ကန့်​နယ်များ​တွင် ပြစ်မှုများ​ ကျူး​လွန်ခဲ့​သော ဂရန့်​သည် က​လေး​ ၉ ဦး​၏ ဖခင်ဖြစ်သည်။ ၎င်းသည် မသန်စွမ်း​သူ အသက် ၄၉ နှစ်အရွယ် ဇနီး​သည် ဂျနီဖာနှင့်​အတူ ​နေထိုင်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here