အာဖဂန်​​​စစ်ပွဲတွင် အရပ်​သား​​​များ​​​​သေဆုံး​​ခဲ့​ခြင်း​​​​​အတွက် စိတ်​​​​ထိခိုက်​မိ​ကြောင်း​ သမ္မတ​​​​အိုဘား​မား​​​​​ပြောကြား​

alt

အ​မေရိကန် သမ္မတ ဘာရတ်​အိုဘား​မား​က အာဖဂန်​နစ္စတန် စစ်ပွဲအတွင်း​ အပြစ်မဲ့​ အရပ်​သား​များ​ ​သေဆုံး​ခဲ့​ခြင်း​အတွက် အလွန်စိတ်ထိခိုက်မိ​ကြောင်း​ အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း​ထံသို့​ ​ပြောကြား​လိုက်သည်။ အကြမ်း​ဖက် သမား​များ​ကို ရည်စူး​သော ဗုံး​ကြဲတိုက်ခိုက်မှု တစ်ခုအတွင်း​ အာဖဂန် အရပ်သား​ ၉ ဦး​သေဆုံး​ခဲ့​ခြင်း​အတွက် အိုဘား​မား​က ကာဇိုင်း​အား​ ​တောင်း​ပန်စကား​ ဆိုခဲ့​ခြင်း​ဖြစ်သည်။

ကာဇိုင်း​က ​သေဆုံး​ခဲ့​သူများ​တွင် က​လေး​ငယ်များ​ပါ ပါဝင်​ကြောင်း​ ​ပြောကြား​ခဲ့​ပြီး​ အာဖဂန်တွင် နိုင်ငံတကာ တပ်ဖွဲ့​များ​၏ ရပ်တည်​နေမှုနှင့်​ ပတ်သက်ပြီး​ ​ဝေဖန်ခဲ့​သည်။ ၎င်းက အာဖဂန်ရှိ အပြစ်မဲ့​ ပြည်သူများ​ ​နေ့​စဉ်​သေဆုံး​နေရခြင်း​ကို ရပ်တန့်​နိုင်ရန် လိုအပ်​နေပြီဟုဆိုသည်။ အိုဘား​မား​နှင့်​ ကာဇိုင်း​တို့​သည် မတ်လ ၂ ရက်​နေ့​က Video Chat မှတဆင့်​ တစ်နာရီကြာ ​ဆွေး​နွေး​မှုများ​ ပြုလုပ်ခဲ့​ပြီး​နောက် အကြမ်း​ဖက်မှု တိုက်ဖျက်​ရေး​အတွက် အရပ်သား​များ​ မ​တော်တဆ ​သေဆုံး​ခြင်း​ကို အ​မေရိကန် သမ္မတက ​တောင်း​ပန်ခဲ့​ခြင်း​အား​ ကာဇိုင်း​က လက်ခံခဲ့​ကြောင်း​ အိမ်ဖြူ​တော်က ​ကြေညာခဲ့​သည်။

အာဖဂန် သမ္မတနှင့်​ အိုဘား​မား​တို့​၏ ဆက်ဆံ​ရေး​သည် အနည်း​ငယ် တင်း​မာမှုများ​ ရှိခဲ့​သော်လည်း​ ကာဇိုင်း​သည် အ​မေရိကန်၏ အား​ကောင်း​သော မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်​နေဆဲဖြစ်သည်။ အ​မေရိကန်သည် အာဖဂန် စစ်တပ်နှင့်​ ရဲများ​ကို ​လေ့​ကျင့်​မှုများ​ ပြုလုပ်​ပေး​ထား​ပြီး​ ၂၀၁၄ တွင် အပြီး​သတ် ဆုတ်ခွာမည့်​ နိုင်ငံတကာ တပ်ဖွဲ့​များ​ ​နေရာတွင် အစား​ထိုး​ တာဝန်​ပေး​သွား​နိုင်ရန် ရည်ရွယ်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here