အာရပ်​​​နိုင်ငံများ​မှ ဆန္ဒပြမှု​​​​သတင်း​များ​​အား​ ​မြောက်​ကိုရီး​ယား​​​​အစိုး​ရ ဖြတ်​တောက်​​​ဖုံး​ကွယ်ရန်​​​ကြိုး​ပမ်း​​​​နေ​​​ဟု​ဆို

alt

မြောက်​​ကိုရီး​ယား​ အစိုး​ရသည် အာရပ်​​နိုင်ငံ​များ​တွင် ဖြစ်​ပေါ်​​နေသည့်​ အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​နှင့်​ စပ်လျဉ်း​ပြီး​ ပြည်သူများ​ မသိ​ရှိရ​အောင် သတင်း​များ​ ဖြတ်​တောက်​ဖုံး​ကွယ်ရန် ကြိုး​ပမ်း​နေ​ကြောင်း​ ​တောင်​ကိုရီး​ယား​ ​ထောက်လှမ်း​ရေး​ဌာန အကြီး​အကဲက ​ပြောကြား​​လိုက်သည်။

ဝမ်ဆီဟွမ်း​က ​မြောက်ပိုင်း​ကွန်မြူနစ်​နိုင်ငံ အစိုး​ရသည် လစ်ဗျား​၊​ တူနီး​ရှား​နှင့်​ အီဂျစ်တို့​တွင် ဖြစ်ပွား​ခဲ့​သည့်​ ဒီမိုက​ရေစီ ဆန္ဒပြမှုများ​နှင့်​ ပတ်သက်၍ သတင်း​​ဖြတ်​တောက်ရန် နည်း​လမ်း​များ​ ရှာ​ဖွေလုပ်​ဆောင်​နေ​ကြောင်း​ဆိုသည်။ ​မြောက်ကိုရီး​ယား​သည် သတင်း​ထုတ်လွှင့်​မှုနှင့်​ အင်တာနက်​တို့​ကို တင်း​ကြပ်စွာ စီစစ်မှုများ​ ပြုလုပ်​နေ​သော်လည်း​ DVD ​ခွေများ​နှင့်​ တရုတ်​လုပ် မိုဘိုင်း​ဖုန်း​များ​ ဝင်​ရောက်လာမှုတို့​ကြောင့်​ သတင်း​ပေါက်ကြား​မှုများ​ ဖြစ်​ပေါ်​နေသည်။ ဝမ်​က အာဏာရှင် ကင်ဂျံုအီ ဦး​ဆောင်​သော ​မြောက်ကိုရီး​ယား​ အစိုး​ရသည် ပြည်သူ​လူထု အင်အား​ဖြင့်​ ဒီမိုက​ရေစီ ​တောင်း​ဆိုဆန္ဒပြမှုများ​ ဖြစ်​ပေါ်​နေ​သော အာရပ်နိုင်ငံ သတင်း​များ​ကို ပိတ်ပင်ရန် နည်း​လမ်း​မျိုး​စုံ ကြိုး​ပမ်း​နေခြင်း​ဟု ​ပြောကြား​သွား​ခဲ့​သည်။

အာရပ်နိုင်ငံများ​ဖြစ်​သော အီဂျစ်နှင့်​ တူနီး​ရှား​တို့​တွင် ပြည်သူလူထုများ​ ဆန္ဒပြမှု​ကြောင့်​ ကာလရှည်ကြာစွာ မင်း​မူအုပ်စိုး​ခဲ့​သည့်​ ​ခေါင်း​ဆောင်များ​ အာဏာလက်လွှတ်ခံခဲ့​ရသလို လစ်ဗျား​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီမှာလည်း​ အာဏာဆုံး​ရှံုး​မည့်​ အ​နေအထား​ကို ​သွေး​ရူး​သွေး​တန်း​ ကာကွယ်​နေရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here