မြန်မာ၊​ ဘိုလီး​​ဗီး​ယား​​နှင့်​ ဗင်နီဇွဲလား​တို့​ မူး​ယစ်​ဆေး​ တိုက်ဖျက်​ရေး​​​​​တွင် အင်တိုက်​​​​အား​တိုက် ပါဝင်​​ရန်​​ပျက်ကွက်

alt

အ​မေရိကန် သမ္မတ ဘာရတ်​အိုဘား​မား​က မြန်မာ၊​ ဘိုလီး​ဗီး​ယား​နှင့်​ ဗင်နီဇွဲလား​​တို့​သည် မူး​ယစ်​​ဆေး​ဝါး​ တိုက်ဖျက်မှု လုပ်ငန်း​များ​တွင် အင်တိုက်အား​တိုက် ပါဝင်​ဆောင်ရွက်ရန် ပျက်ကွက်​ခဲ့​ကြောင်း​ ​ထောက်ပြ​သွား​သည်။ ​ထောက်လှမ်း​ရေး​​ဆိုင်ရာ အစီရင်​ခံစာများ​ကို ကိုး​ကား​ပြီး​ အိုဘား​မား​​ကိုယ်တိုင် ​ရေး​သား​​ထား​သော

စာတွင် အာဖဂန်နစ္စတန်၊​ ကိုလံဘီယာ၊​ မက္ကစီကိုတို့​ အပါ​အဝင် မူး​ယစ်​​ဆေး​ဝါး​ ထုတ်လုပ်​​ရောင်း​ချခြင်း​၊​ ​ရောင်း​ဝယ်​​ဖောက်ကား​ခြင်း​တို့​တွင် အချက်အခြာကျ​သော နိုင်ငံ ၂၀ စာရင်း​ကို အ​မေရိကန်က ​ဖော်ပြခဲ့​ပြီး​ အထက်ပါ ၃ နိုင်ငံ အစိုး​ရများ​သည် နိုင်ငံအတွင်း​ မူး​ယစ်​ဆေး​ဝါး​ ကုန်သွယ်မှုကို မျက်ကွယ်​ပြုထား​ကြောင်း​ စွပ်စွဲ​ဖော်ပြထား​သည်။

အ​မေရိကန် အစိုး​ရကဲ့​သိုပင် ကုလသမဂ္ဂ၏ နိုင်ငံတကာ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​ မဟာဗျူဟာစာတမ်း​ကလည်း​ အ​ရှေ့​တောင်အာရှရှိ မြန်မာနိုင်ငံ၏ မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ လုပ်​ဆောင်ချက်များ​မှာ အလွန်အား​နည်း​ကြောင်း​ သုံး​သပ်​ရေး​သား​ထား​သည်။ ယင်း​စာတမ်း​တွင် မြန်မာ​နိုင်ငံသည် အာဖဂန်​အပြီး​ ဘိန်း​ထုတ်​လုပ်မှု အများ​ဆုံး​နိုင်ငံအဖြစ်လည်း​ကောင်း​၊​ မူး​ယစ်​ဆေး​ဝါး​ ​မှောင်ခိုသူများ​အတွက် ​ဘေး​အန္တရာယ် အနည်း​ဆုံး​ လှုပ်ရှား​ကျက်စား​နိုင်သည့်​ ​ဈေး​ကွက်​အဖြစ်လည်း​ကောင်း​ ညွှန်း​ဆို​ထား​သည်။

အ​မေရိကန် အစိုး​ရသည် ​တောင်​အ​မေရိက နိုင်ငံ​နှစ်ခုဖြစ်​သော ဗင်နီဇွဲလား​နှင့်​ ဘိုလီး​ဗီး​ယား​တို့​၏ အစိုး​ရများ​ကို မူး​ယစ်​ဆေး​ဝါး​ တိုက်ဖျက်​ရေး​ လုပ်ငန်း​များ​တွင် ပိုမို​ပူး​ပေါင်း​ရန် ဆွဲ​ဆောင်​နိုင်မည်ဟု ​မျှော်လင့်​ထား​သော်လည်း​ မြန်မာအစိုး​ရထံမှ ပူး​ပေါင်း​ပါဝင်မှုမျိုး​ ရရှိမည်ဟု မ​မျှော်လင့်​ကြောင်း​ အိုဘာမား​၏ စာကို ကိုး​ကား​ပြီး​ အ​မေရိကန် အာဏာပိုင်များ​က ​ပြောကြား​​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here