ဆယ်​ကျော်​သက်များ​ အဖြစ်​​ချင်​ဆုံး​ စိတ်ကူး​​​​ယဉ်​​​ဇာတ်​ကောင်

alt

ဆယ်​​ကျော်သက် စာဖတ်​​​ပရိသတ်များ​ အဖြစ်ချင်ဆုံး​ စိတ်ကူး​ယဉ် ဇာတ်​ကောင်မှာ Harry Potter ဝတ္ထုများ​ထဲမှ စုန်း​မ​လေး​ ဟယ်မီယွန် ဂရိန်ဂျာ​​​ဖြစ်​ကြောင်း​ သိရသည်။ Harry Potter ဝတ္ထုများ​ကို ရုပ်ရှင်​​အဖြစ် ဖန်တီး​ ရိုက်ကူး​​ရာ​​တွင် ဗြိတိသျှ မင်း​သမီး​လေး​ အမ်မာဝပ်ဆင် ပါဝင်​​​သရုပ်​ဆောင်​သော ဇာတ်​ကောင်​​အဖြစ် စိတ်ကူး​​​ယဉ်​​မိ​ကြောင်း​ မဲ​ပေး​သည့်​ ဆယ်​ကျော်သက်များ​၏ ​လေး​ပုံ​တစ်ပုံ​နီး​ပါး​ (၂၃ ရာခိုင်နှုန်း​) က အဆိုပြုခဲ့​သည်။

ဂရိန်ဂျာ၏ ဇာတ်ရုပ်​နောက်တွင်မူ Twilights ဇာတ်ကား​များ​မှ ဂျက်​ကော့​ဘလက်က ၁၄ ရာခိုင်နှုန်း​၊​ အက်ဒွပ်ကူလင်က ၁၀ ရာခိုင်နှုန်း​ဖြင့်​ အသီး​သီး​ ရပ်တည်လျက်ရှိသည်။ World Book Day က ​ကောက်ခံ​သော စစ်တမ်း​​တွင် လူငယ်များ​က စိတ်ဝင်​တစား​ မဲ​ပေး​ခဲ့​ကြရာ ဆယ်​ကျော်သက်အရွယ်တွင် ၎င်းတို့​ အနှစ်သက်ဆုံး​ စာအုပ်သည် The Secret Diary of Adrian Mole ဖြစ်​ကြောင်း​ လူငယ် ၁၀ ဦး​လျင် ၁ ဦး​က ​ပြောကြား​ခဲ့​သည်။ စာ​ရေး​ဆရာမ ​ဂျေ​ကေရိုး​လင်း​၏လက်ရာ Harry Potter စာအုပ်များ​ကမူ လူကြိုက်အများ​ဆုံး​အဖြစ် မဲ ၃၁ ရာခိုင်နှုန်း​ရရှိကာ ထိပ်ဆုံး​မှ အပြတ်​အသတ် ဦး​ဆောင်ခဲ့​သည်။ ​ဂျေအာရ်ပီ ​တောလ်ကီယန်၏ Lord of the Rings ဇာတ်လမ်း​တွဲများ​သည်လည်း​ လူငယ်ကြိုက်​ဝတ္ထုများ​ စာရင်း​တွင် ပါဝင်​နေသည်။

World Book Day 2011 အစီအစဉ်တွင် ပါဝင်ခဲ့​သည့်​ ​ရေချယ်ရက်ဆဲက ယခု​​အစီအစဉ်သည် လူငယ်​လူရွယ်များ​ စာအုပ်​​ပိုဖတ်ရန် တိုက်တွန်း​မှု​​တစ်ခု ဖြစ်လာ​စေပြီး​ လူငယ်​အချင်း​ချင်း​ ယခင်က ၎င်းတို့​ ဖတ်ခဲ့​ဖူး​သည့်​ စာအုပ်များ​​အ​ကြောင်း​ အ​တွေ့​အကြံု ​ဝေငှနိုင်​အောင် လမ်း​ဖွင့်​​​ပေး​ရာ​​​ရောက်​သည်​ဟု ​ပြောကြား​​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here