ဗိုင်း​ရပ်စ်များ​ ပါဝင်​သည့်​ Andriod Application ၅၀ ​ကျော်ကို Google ဖယ်ရှား​

alt

Android Market တွင် ရှိ​နေသည့်​ Application များ​အနက် ဗိုင်း​ရပ်စ်များ​ ခို​အောင်း​​နေသည့်​ Application​ ပေါင်း​ ၅၀ ​ကျော်ကို Google က ဖယ်ရှား​ပေး​လိုက်သည်။ ​လေ့​လာသူများ​က Google ၏ ဖယ်ရှား​လိုက်​သော Application များ​သည် အကြိမ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ Download ပြုလုပ်ခဲ့​ပြီး​ဖြစ်သည်ဟု ခန့်​မှန်း​ခဲ့​ကြသည်။

Google သည် Android ကို Open Source အဖြစ် သုံး​စွဲနိုင်မည့်​ Operating System Software အဖြစ် ဖန်တီး​ပေး​ခဲ့​ပြီး​နောက် အထူး​အောင်မြင်မှု ရရှိခဲ့​သလို Android အတွက် Online Market တစ်ခုကိုလည်း​ ထူ​ထောင်​​ပေး​ခဲ့​သည်။ သို့​သော်လည်း​ Android Market တွင် လွှင့်​တင်​ထား​သည့်​ Application များ​အနက် ဖိုင်များ​ကို ပွား​ပစ်တတ်သည့်​ DroidDream ကဲ့​သို့​ Malware များ​ ခိုကပ်​နေသည်ကို ​ဖော်ထုတ်​တွေ့​ရှိခဲ့​ပြီး​နောက် Google က စီစစ်မှုများ​ ပြုလုပ်လာခဲ့​သည်။

DroidDream သည် အ​ရေး​ပါ​သော ဖိုင်များ​ကို ဖျက်ပစ်တတ်သည့်​အပြင် ဖုန်း​ကဲ့​သို့​ Android သုံး​ ကိရိယာများ​မှ အချက်အလက်များ​ကို ကန့်​သတ်ထိန်း​ချုပ်ထား​သော ​နေရာများ​သို့​ ​ပေး​ပို့​တတ်​ကြောင်း​ သိရသည်။ ထို့​ကြောင့်​လည်း​ ယင်း​ကဲ့​သို့​ ဗိုင်း​ရပ်စ်များ​ ခို​အောင်း​နေသည့်​ Application များ​ကို Google က ပယ်ဖျက်ခဲ့​ခြင်း​ဖြစ်သည်။ Google သည် Android ၏ ​နောက်ဆုံး​ထုတ် Version ဖြစ်​သော Gingerbread တွင် DroidDream ၏ ထိုး​ဖောက်မှုကို ကာကွယ်တား​ဆီး​နိုင်မည်ဟု ယုံကြည်​ကြောင်း​ ​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here