အိုင်ဗရီကို့​စ်​​သမ္မတ​​၏ လက်နက်​ကိုင်​​တပ်ဖွဲ့​များ​​က ဆန္ဒပြ​​​အမျိုး​သမီး​​များ​​အား​ ပစ်သတ်

alt

အိုင်ဗရီကို့​စ် သမ္မတ ​လောရင့်​ဂျီဘက်ဘိုအား​ သစ္စာ​စောင့်​သိ​သော လက်နက်ကိုင် တပ်ဖွဲ့​များ​သည် ဆန္ဒပြသူ အမျိုး​သမီး​ ၆ ဦး​အား​ ပစ်သတ်ခဲ့​ကြောင်း​ သိရသည်။ ​ရွေး​ကောက်ပွဲတွင် ရှံုး​နိမ့်​ခဲ့​သော်လည်း​ အာဏာလွှဲ​ပေး​ရန် ငြင်း​ဆို​နေသည့်​ ဂျီဘက်ဘိုအား​ အိုင်ဗရီကို့​စ် ပြည်သူများ​က ဆန့်​ကျင်ဆန္ဒပြ​နေစဉ် မတ်လ ၃ ရက်​နေ့​က ပစ်ခတ်မှု ဖြစ်ပွား​ခြင်း​ဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

အမျိုး​သမီး​များ​သာ ပါဝင်သည့်​ စုရုံး​ချီတက်ပွဲ တစ်ခုတွင် လက်နက်မဲ့​ ဆန္ဒပြသူ အမျိုး​သမီး​များ​ကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့​ခြင်း​သည် အိုင်ဗရီကို့​စ် တစ်နိုင်ငံလုံး​ကို ​ခြောက်ခြား​သွား​စေခဲ့​သည်။ အမျိုး​သမီး​ ၆ ဦး​လုံး​ ​နေရာတွင်ပင် ပွဲချင်း​ပြီး​ ​သေဆုံး​ကြောင်း​ အိုင်ဗရီကို့​စ်၏ စီး​ပွား​ရေး​မြိုက​တော် အဘိုဘိုမှ မြို့​တော်ဝန် မိုဟာမက်ဒိုဆိုက ​ပြောကြား​ခဲ့​သည်။ ၎င်းက အမျိုး​သမီး​များ​၏ အ​လောင်း​ကို ​တွေ့​မြင်ခဲ့​သည်ဟုလည်း​ဆိုသည်။ ဂျီဘက်ဘိုသည် ​ရွေး​ကောက်ပွဲတွင် ရှံုး​နိမ့်​မှုကို လက်မခံဘဲ အာဏာလွှဲ​ပေး​ရန် အစဉ်တစိုက် ငြင်း​ဆို​နေမှု​ကြောင့်​ အိုင်ဗရီကို့​စ်၏ နိုင်ငံ​ရေး​ အရှုပ်အ​ထွေး​သည် ၃ လမျှ ကြာသည်အထိ ဆက်လက်တည်ရှိ​နေဆဲဖြစ်သည်။

မတ်လ ၃ ရက်​နေ့​ ဆန္ဒပြပွဲတွင် ပါဝင်​ခဲ့​သည့်​ အသက် ၄၁ နှစ်အရွယ် ဆီရာဒရိန်း​က သူမသည် စစ်သား​များ​က အမျိုး​သမီး​များ​ကို ပစ်ခတ်မည် မဟုတ်ဟု ယူဆခဲ့​သော်လည်း​ ယင်း​မှာ မှား​ယွင်း​ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။ ကုလ​သမဂ္ဂ ခန့်​မှန်း​ချက်အရ အိုင်ဗရီကို့​စ်တွင် ပဋိပက္ခ​များ​အတွင်း​ လူ​ပေါင်း​ ၃၀၀ ​ကျော် ​သေဆုံး​ခဲ့​ပြီး​ မတ်လ ၃ ရက်​နေ့​ တစ်ရက်ထဲတွင်ပင် ၃၂ ဦး​မျှ ​သေဆုံး​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here