​တရုတ်​​နိုင်ငံ​​၏ ကာကွယ်​ရေး​​​​အသုံး​စရိတ်​​​တိုး​မြှင့်​

alt

တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်အတွက် ကာကွယ်​ရေး​ အသုံး​စရိတ်ကို ၁၂.၇ ရာခိုင်နှုန်း​ မြင့်​တင်လိုက်​ကြောင်း​ သိရသည်။ ထို့​ကြောင့်​ တရုတ်နိုင်ငံ၏ ယခုနှစ် ကာကွယ်​ရေး​ အသုံး​စရိတ်မှာ စုစု​ပေါင်း​ ယွမ် ၆၀၁.၁ ဘီလျံ (​ဒေါ်လာ ၉၁.၇ ဘီလျံ) ထိ ရှိလာပြီဖြစ်သည်။

အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိတစ်ဦး​ဖြစ်ပြီး​ အမျိုး​သား​ ပြည်သူ့​ကွန်ဂရက်၏ ကိုယ်စား​လှယ် တစ်ဦး​လည်း​ဖြစ်​သော လီ​ဇောင်ဇင်း​က ကာကွယ်​ရေး​ အသုံး​စရိတ် ပမာဏသစ်နှင့်​ ပတ်သက်ပြီး​ မတ်လ ၄ ရက်​နေ့​က အတည်ပြု ​ပြောကြား​ခဲ့​သည်။ လီက တရုတ်နိုင်ငံသည် ကာကွယ်​ရေး​ကဏ္ဍနှင့်​ ပတ်သက်​သော လုပ်​ဆောင်ချက်များ​အတွက် ​ငွေ​ကြေး​သုံး​စွဲရန် အစဉ်အာရုံစိုက်ထား​ကြောင်း​ ​ကြေညာခဲ့​သည်။ တရုတ်နိုင်ငံက ကာကွယ်​ရေး​အတွက် အသုံး​စရိတ်ကို ဆယ်ဂဏန်း​ ပမာဏ ရာခိုင်နှုန်း​ထိ တိုး​မြှင့်​လာခြင်း​သည် ၎င်း၏ စစ်အင်အား​ပြိုင်ဖက် အ​မေရိကန်အတွက် တပ်လှန့်​မှုတစ်ခု ဖြစ်လာခဲ့​သည်။ အ​မေရိကန်သည် ကာကွယ်​ရေး​ အသုံး​စရိတ်ကို ယမန်နှစ်ကထက် ရ.၅ ရာခိုင်နှုန်း​သာ တိုး​မြှင့်​ထား​ခဲ့​သည်။ ကမ္ဘာ​ပေါ်တွင် စစ်အင်အား​ အများ​ပြား​ဆုံး​ဖြစ်​သော တရုတ်ပြည်သူ့​ လွတ်​မြောက်​ရေး​တပ်မ​တော်သည် နိုင်ငံအား​ ကာကွယ်ရန်သာ အာရုံစိုက်မည်ဖြစ်ပြီး​ မည်သည့်​နိုင်ငံကိုမျှ ခြိမ်း​ခြောက်ထိပါး​မည် မဟုတ်ဟုလည်း​ လီကဆိုသည်။ တရုတ်၏ စစ်အင်အား​ တိုး​မြှင့်​ရေး​အ​ပေါ် အာရုံစိုက် ​ဆောင်ရွက်လာမှုကို ​ဒေသတွင်း​ အင်အား​ပြိုင်ဖက်ဖြစ်သည့်​ ဂျပန်ကလည်း​ ​စောင့်​ကြည့်​လျက်ရှိသည်။

ပြီး​ခဲ့​သည့်​နှစ် စက်တင်ဘာလက ဂျပန်နိုင်ငံသည် တရုတ်ငါး​ဖမ်း​စက်​လှေ တစ်စင်း​အား​ ပိုင်နက်ကျူး​ကျော်မှုဖြင့်​ ဖမ်း​ဆီး​ခဲ့​ပြီး​နောက်ပိုင်း​ ယင်း​နှစ်နိုင်ငံ၏ ဆက်ဆံ​ရေး​မှာ တင်း​မာမှုအချို့​ ​ပေါ်​ပေါက်လာခဲ့​သည်။ တရုတ်နိုင်ငံသည် ကာကွယ်​ရေး​ အသုံး​စရိတ် မြှင့်​တင်မှုများ​ ပြုလုပ်​နေ​သော်လည်း​ အ​မေရိကန်၏ နှစ်အလိုက် ​ငွေ​ကြေး​သုံး​စွဲမှုကိုမူ လိုက်မမီ​သေး​ချေ။ ပင်တဂွန် စစ်ဌာနချုပ်သည် ၂၀၁၂ ခုနှစ်အတွက် စစ်​ရေး​အသုံး​စရိတ်ကို ​ဒေါ်လာ ၅၅၃ ဘီလျံထိ ခွင့်​ပြုချက်ရရန် ပါလီမန်သို့​ အဆိုတင်သွင်း​ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here