လစ်ဗျား​​​အာဏာရှင် ဂဒါဖီ​၏ တပ်ဖွဲ့​​များ​က နယ်သာလန်​​တပ်ဖွဲ့​ဝင် ၃ ဦး​​​အား​ ဖမ်း​ဆီး​​ထား​

alt

လစ်ဗျား​ စစ်​​အာဏာရှင် မူအမ်မာ ဂဒါဖီအား​ သစ္စာ​​​စောင့်​သိ​သော တပ်ဖွဲ့​များ​သည် နယ်သာလန် တပ်ဖွဲ့​ဝင် ၃ ဦး​အား​ ဖမ်း​ဆီး​​ထား​ကြောင်း​ သိရသည်။ နယ်သာလန် ကာကွယ်​ရေး​ ဌာနက စစ်​ရဟတ်ယာဉ် တစ်စင်း​တွင် တာဝန်​ထမ်း​ဆောင်​သော တပ်ဖွဲ့​ဝင် ၃ ဦး​​တို့​ ​ဘေး​​အန္တရာယ် ကင်း​ရှင်း​စွာဖြင့်​ ပြန်လည်လွတ်​မြောက်လာ​ရေး​အတွက် ကြိုး​ပမ်း​နေဆဲဟု ​ကြေညာ​သွား​သည်။

နယ်သာလန် နိုင်ငံသား​များ​ကို ဆူပူမှုများ​ ဖြစ်​ပေါ်​နေသည့်​ လစ်ဗျား​နိုင်ငံအတွင်း​မှ ​ဘေး​ကင်း​ရာသို့​ ​ရွှေ့​ပြောင်း​ပေး​သည့်​ Mission အတွင်း​ အဖမ်း​ခံရသည့်​ ကွန်မန်ဒို​​စစ်သား​ ၃ ဦး​မှာ လက်ရှိအချိန်တွင် ​အေး​ဆေး​လုံခြံုစွာ ရှိ​နေသည်ဟု ယုံကြည်ရ​ကြောင်း​လည်း​ နယ်သာလန် ကာကွယ်​ရေး​ အာဏာပိုင်များ​ကဆိုသည်။ ဂဒါဖီအား​ ပြည်သူများ​က အုံကြွ​​ပေါက်ကွဲမှုများ​ စတင်ပြီး​နောက်ပိုင်း​ ယခုနယ်သာလန် စစ်သည် ၃ ဦး​ အဖမ်း​ခံရခြင်း​သည် ပထမဆုံး​အကြိမ် နိုင်ငံခြား​ တပ်ဖွဲ့​များ​ကို ဖမ်း​ဆီး​မှုလည်း​ ဖြစ်လာခဲ့​သည်။ နယ်သာလန် ကာကွယ်​ရေး​ ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ မာလိုအက်ဗစ်ဆာက စစ်သည် ၃ ဦး​အား​ ​ကောင်း​မွန်စွာ ထား​ရှိ​ကြောင်း​ သတင်း​များ​ ကြား​သိရသည့်​အတွက် အတန်ငယ် စိတ်သက်သာရာ ရမိ​ကြောင်း​ ​ပြောဆိုသွား​သည်။

 ​ဖေ​ဖော်ဝါရီလ ၂၇ ရက်​နေ့​က ​ရေတပ်ရဟတ်ယာဉ် တစ်စင်း​နှင့်​အတူ နယ်သာလန် နိုင်ငံသား​တစ်ဦး​နှင့်​ အခြား​နိုင်ငံအမည် မ​ဖော်ပြသူ ဥ​ရောပတိုက်သား​ တစ်ဦး​တို့​ကို သွား​ရောက်ကယ်တင်ပြီး​နောက် ဂဒါဖီ၏ တပ်သား​များ​က ရဟ်ယာဉ်အား​ ပျံတက်ခွင့်​မပြုဘဲ စစ်သည်များ​ရော အရပ်သား​ နှစ်ဦး​ကိုပါ ဖမ်း​ဆီး​ထား​လိုက်ခြင်း​ဟု သိရသည်။ အရပ်သား​များ​ကို ထရီပိုလီရှိ နယ်သာလန် သံရုံး​သို့​ လွှဲ​ပေး​ခဲ့​သော်လည်း​ စစ်သား​များ​မှာမူ ​နေရာအတိအကျ မသိရဘဲ ဖမ်း​ဆီး​ချုပ်​နှောင် ခံထား​ရဆဲဟု နယ်သာလန် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here