ရှန်ဟိုင်း​​မြို့​တော်တွင် ​ခွေး​​တစ်​ကောင်​​​​ပေါ်လစီ​​​ချမှတ်

alt

တရုတ်နိုင်ငံ၊​ ရှန်ဟိုင်း​မြို့​တွင် ​ခွေး​​တစ်​ကောင် ​ပေါ်လစီကို ချမှတ်​​ကြေညာ​လိုက်ပြီ​ဖြစ်သည်။ တရုတ်​နိုင်ငံ​တွင် လူဦး​ရေ ထူထပ်​လာမှုကို ​လျှော့​ချရန် တစ်အိမ်လျင် က​လေး​တစ်ဦး​သာ ​မွေး​ခွင့်​​ပေး​သည့်​ ​ပေါ်လစီ​ကို ​ဖော်​ဆောင်​ခဲ့​သလို ရှန်ဟိုင်း​​ကလည်း​ ယခု​အခါ မိသား​စု တစ်ခုလျင် ​ခွေး​တစ်​ကောင်သာ ​ပေး​​မွေး​တော့​မည်​ဖြစ်သည်။ ​

မေလမှစ၍ ​ခွေး​တစ်​ကောင် ​ပေါ်လစီ စတင်အကျံုး​ဝင်မည်ဖြစ်ပြီး​ လိုင်စင်မလုပ်ထား​သော ​ခွေး​ကောင်​ရေ ​ခြောက်သိန်း​ကျော်ကို တရား​မဝင် အိမ်​မွေး​တိရစ္ဆာန်အဖြစ် စာရင်း​သွင်း​ ​ကြေညာကာ ဖမ်း​ဆီး​သွား​မည်ဟုဆိုသည်။ ယမန်​နှစ်က လူ​ပေါင်း​ ၁၄၀၀၀၀ ​ကျော်တို့​က ၎င်းတို့​သည် လိုင်စင်မရှိဘဲ ​မွေး​ထား​သည့်​ ​ခွေး​ကိုက်ခြင်း​ ခံရ​ကြောင်း​ ရဲထံသို့​ တိုင်ကြား​ခဲ့​ပြီး​နောက် ရှန်ဟိုင်း​အုပ်ချုပ်​ရေး​ အဖွဲ့​က ယခု​ပေါ်လစီကို ကျင့်​သုံး​ရန် ဆုံး​ဖြတ်ခဲ့​သည်။

​ခွေး​နှစ်​ကောင်စာ​အတွက် လိုင်စင်ပြုလုပ်ပြီး​သော မိသား​စုများ​တွင် ယင်း​ခွေး​များ​ကို ဆက်လက်​မွေး​မြူခွင့်​ ​ပေး​မည်ဖြစ်​သော်လည်း​ ​ပေါ်လစီ အကျံုး​ဝင်ချိန်တွင် မိသား​စုတစ်ခုအတွက် ​ခွေး​တစ်​ကောင်ထက်ပို၍ လိုင်စင်လုပ်ခွင့်​ ရ​တော့​မည် မဟုတ်​ချေ။ တရုတ်တွင် ရန်လိုတတ်သည့်​ ​ခွေး​အမျိုး​အစား​များ​ကို မ​မွေး​မြူရန် ပိတ်ပင်မှုများ​လည်း​ ရှိ​နေသည်။ ထို့​ကြောင့်​ ဗြိတိန်မျိုး​ရင်း​ ​ခွေး​ဘီလူး​ကြီး​များ​ ​မွေး​မြူမှုမှာ တရုတ်တွင် အ​တော်​လေး​ နည်း​ပါး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here