နယူး​​ဇီလန်​ရှိ ပုံတူမျိုး​ပွား​ နွား​များ​ စမ်း​သပ်​​မွေး​မြူသည့်​​​စခန်း​​အား​ ပိတ်သိမ်း​

alt

နယူး​ဇီလန်​နိုင်ငံရှိ ပုံတူမျိုး​ပွား​ နွား​များ​ကို စမ်း​သပ်​​​မွေး​မြူ​နေ​သော စခန်း​​တစ်ခုအား​ ပိတ်သိမ်း​​လိုက်ပြီ​ဖြစ်သည်။ နွား​များ​ကို ပုံတူမျိုး​ပွား​ နည်း​လမ်း​ဖြင့်​ စမ်း​သပ်သား​ဖောက်ခဲ့​သော်လည်း​ ​ကောင်​ရေ ၉၀ ရာခိုင်နှုန်း​မျှ ​သေဆုံး​ခဲ့​သည့်​အတွက် မ​အောင်မြင်​သော လုပ်ငန်း​​အဖြစ် အတည်ပြုကာ ​မွေး​မြူ​ရေး​ စခန်း​ကို ပိတ်သိမ်း​​ခဲ့​ခြင်း​​ဖြစ်သည်။

နယူး​ဇီလန် အမျိုး​သား​ သိပ္ပံသု​တေသနဌာနဖြစ်​သော AgResearch က ၁၃ နှစ်ကြာခဲ့​သော စီမံကိန်း​ကို ရပ်နား​ရန် ဆုံး​ဖြတ်ခဲ့​ကြောင်း​ ​ကြေညာသည်။ ယင်း​ကာလအတွင်း​ ပုံတူမျိုး​ပွား​ထား​သည့်​ တိရစ္ဆာန်များ​အနက် ၉၀ ရာခိုင်နှုန်း​သည် အမျိုး​မျိုး​သော အ​ကြောင်း​များ​ကြောင့်​ ​သေဆုံး​ခဲ့​ကြသည်။ အဓိကအား​ဖြင့်​ နွား​များ​၏ ဆီး​အိမ်တွင် ​ရေများ​ပြည့်​လျှံလာသည့်​ Hydrops ဖြစ်စဉ်​ကြောင့်​ ​ကောင်​ရေ​မြောက်မြား​စွာ ​သေဆုံး​ခဲ့​သလို နွား​များ​၊​ သိုး​များ​နှင့်​ ဆိတ်များ​တွင်လည်း​ ​သွေး​အဆိပ်သင့်​မှုများ​ကြောင့်​ ​သေဆုံး​မှုများ​ ရှိလာ​ကြောင်း​ သိရသည်။

နယူး​ဇီလန် အာဏာပိုင်များ​က ပုံတူမျိုး​ပွား​ နည်း​ပညာသုံး​ တိရစ္ဆာန်အသား​များ​ တင်ပို့​ရေး​​အတွက် ဗြိတိန်နှင့်​ ညှိနှိုင်း​နေစဉ် ယခုကဲ့​သို့​ ​မွေး​မြူ​ရေး​စခန်း​အား​ ဖျက်သိမ်း​လိုက်ခြင်း​ဖြစ်သည်။ ဥ​ရောပတွင် ပုံတူမျိုး​ပွား​ တိရစ္ဆာန်များ​မှ အသား​နှင့်​ နို့​တို့​ကို ပိတ်ပင်ခြင်း​ မရှိဘဲ တင်ပို့​ရောင်း​ချခွင့်​ ပြုရန် ဗြိတိန်အစိုး​ရက တိုက်တွန်း​အကြံပြုလျက်ရှိ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here