အမျိုး​သမီး​​ချင်း​ ချစ်တင်း​​​နှောမှုကို အီတလီ​​ဝန်ကြီး​ချုပ်​က အရသာခံ​​​ထိုင်​ကြည့်​​တတ်ဟု သတင်း​​ထွက်​​​ပေါ်လာ

alt

လိင်မှု​​သောင်း​ကျန်း​သည့်​ ကိစ္စများ​အတွက် နာမည်​ဆိုး​ဖြင့်​ ​ကျော်ကြား​သည့်​ အီတလီ ဝန်ကြီး​ချုပ် ဆီဗီယို ဘာလူစကိုနီတစ်​ယောက် မျက်နှာပျက်စရာ သတင်း​တစ်ခု ထပ်မံထွက်​ပေါ်လာသည်။ The Sun သတင်း​စာက ဝန်ကြီး​ချုပ်၏ ​မောင်း​မ​ဆောင်တွင် ​နေထိုင်ခဲ့​ဖူး​သည်ဆို​သော ​မော်ရိုကိုဖွား​ ဗိုက်လှုပ်က​ချေသည်

ရူဘာကွာရီ (​ခေါ်) ရူဘီနှင့်​ အင်တာဗျူး​ခဲ့​ရာ ဝန်ကြီး​ချုပ်သည် အမျိုး​သမီး​ချင်း​ ချစ်တင်း​​နှီး​နှောမှုများ​ကို ထိုင်ကြည့်​ရင်း​ အရသာခံ​လေ့​ရှိ​ကြောင်း​ ​ပေါ်ထွက်လာခဲ့​သည်။

အသက် ၁၈ နှစ်အရွယ် ရူဘီက သူမသည် ဝန်ကြီး​ချုပ်၏ လိင်ပါတီပွဲသို့​ ပထမဆုံး​ တက်​ရောက်ခဲ့​စဉ်က ယင်း​အ​တွေ့​အကြံုများ​ ရရှိခဲ့​ကြောင်း​ သိရသည်။ သူမသည် အသက် ၁၇ နှစ်အရွယ်က ဝန်ကြီး​ချုပ်နှင့်​ စတင်သိကျွမ်း​ကြောင်း​ ​ပြောဆိုခဲ့​ပြီး​နောက် အစိုး​ရ ​ရှေ့​နေများ​က ဝန်ကြီး​ချုပ်အား​ အသက်​မပြည့်​သေး​သည့်​ မိန်း​က​လေး​နှင့်​ ကာမ​ဆက်ဆံမှုအတွက် စွဲချက်တင်ရန် ကြိုး​ပမ်း​နေသည့်​တိုင် ရူဘီက သူမသည် ယခုအချိန်ထိ ဘာလူစကိုနီနှင့်​ လိင်မ​ဆက်ဆံဖူး​ခဲ့​ကြောင်း​ ငြင်း​ပယ်ထား​သည်။ သူမက ဝန်ကြီး​ချုပ်အား​ ဗိုက်လှုပ်အကဖြင့်​ ​ဖျော်​ဖြေရပြီး​ ဝန်ကြီး​ချုပ်၏ စံအိမ်ကိုလည်း​ မကြာခဏ သွား​ရောက်ဖူး​ကြောင်း​မူ ဝန်ခံခဲ့​သည်။ သူမက ဝန်ကြီး​ချုပ်​​ရှေ့​တွင် မိန်း​​က​လေး​​အချို့​ အတွင်း​ခံ အဝတ်အစား​များ​ ချွတ်ချပြီး​ ကိုယ်လုံး​တီး​ဖြင့်​ စည်း​ချက်အလိုက် ကခုန်ကာ ​ဖျော်​ဖြေခဲ့​ကြောင်း​၊​ ဘာလူစကိုနီ၏ ပါတီသည် ခမ်း​နား​လွန်း​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဝန်ကြီး​ချုပ်က သူမ​​အပါအဝင် ဧည့်​သည်များ​အား​ နှုတ်ဆက်ပြီး​ ပြန်သွား​ချိန်တွင် အခန်း​ထဲသို့​ ဆံပင်​နက်နက်နှင့်​ မိန်း​မ​​ချော နှစ်ဦး​ပါ လိုက်ဝင်သွား​ကြောင်း​ ရူဘီက The Sun သို့​ ​ပြောကြား​သွား​သည်။ ဘာလူစကိုနီ၏ လိင်​သောင်း​ကျန်း​မှု ပုံပြင်များ​နှင့်​ ပတ်သက်ပြီး​ ၎င်း၏ ကိုယ်စား​လှယ်က တစုံတရာ ​ဖြေရှင်း​ချက်​​ပေး​ရန် ငြင်း​ဆို​ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here