အ​မေရိကန်​​တွင် ​ဒေါ်လာ ၄ သန်း​​​တန် ​နောက်ဆုံး​​​ပေါ် ​ထောက်လှမ်း​ရေး​​​​​​​လေယာဉ်​​တီထွင်

alt

အ​မေရိကန်​နိုင်ငံမှ စစ်ဖက်​ဆိုင်ရာ ပညာရှင်များ​​သည် ​ဒေါ်လာ ၄ သန်း​ကျော် တန်ဖိုး​ရှိသည့်​ ​နောက်ဆုံး​ပေါ် ​ထောက်လှမ်း​ရေး​ သူလျှို​​လေယာဉ်​လေး​ တစ်စင်း​အား​ တီထွင်​လိုက်သည်။ ၁၆ လက်မသာရှိ​သော ​လေယာဉ်ငယ်​လေး​သည် ငှက်ပိတုံး​လေး​ တစ်​ကောင်နှင့်​ ပုံစံ​တူ​အောင် တည်​ဆောက်ထား​ပြီး​ အ​လေး​ချိန်မှာ AA ဓာတ်ခဲ တစ်လုံး​ထက်ပင် ​လျော့​နည်း​သည်။

အိတ်ထဲတွင် အလွယ်တကူ ထည့်​ယူသွား​နိုင်​သော ​လေယာဉ်​လေး​ကို ပင်တဂွန် စစ်ဌာနချုပ်က ​ဖော်ပြလိုက်သည်။ ယင်း​လေယာဉ်ငယ် စီမံကိန်း​ကို အချိန် ၅ နှစ်မျှယူ၍ တည်​ဆောက်ခဲ့​ပြီး​ ငှက်နှင့်​အလွန်တူ​သော ​လေယာဉ်​လေး​သည် တစ်နာရီလျင် ၁၁ မိုင်နှုန်း​ထိ ပျံသန်း​နိုင်​ကြောင်း​ သိရသည်။ စစ်ဖက်​အကြီး​အကဲများ​က အလွန်​သေး​ငယ်​သော ကင်မရာ​လေး​များ​ကို ငှက်ပိတုံး​ ​လေယာဉ်​​လေး​တွင် ထည့်​သွင်း​ကာ စစ်ပွဲဇုန်များ​တွင် ရန်သူ့​​စခန်း​ တည်​နေရာကို လျှို့​ဝှက်​​ထောက်လှမ်း​နိုင်မည်ဟု ယုံကြည်​နေကြသည်။ ​

လေကိုဆန်၍ ပျံနိုင်​သော ငှက်က​လေး​များ​ကို ကမ္ဘာ​ပေါ်တွင် ​ထောက်လှမ်း​ရေး​လေယာဉ်များ​ ထုတ်လုပ်​ရောင်း​ချ​နေသည့်​ အကြီး​ဆုံး​ ကုမ္ပဏီကြီး​ တစ်ခုဖြစ်​သော AeroVironment က မိတ်ဆက်​ပြသ​ခဲ့​ခြင်း​​ဖြစ်သည်။ အ​မေရိကန် စစ်တပ်သည် ​ထောက်လှမ်း​ရေး​​အတွက် တစထက်တစ ​သေး​ငယ်​သော ကိရိယာ​လေး​များ​ကို အသုံး​ပြုလာပြီး​ ယမန်နှစ်ကလည်း​ ၄ ​ပေါင်မျှသာ အ​လေး​ချိန်ရှိ​သော ​လေယာဉ်ငယ်များ​ကို ​ထောင်နှင့်​ချီ မှာယူခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here