​လစ်ဗျား​​​​ခေါင်း​ဆောင်​​ကဒါဖီ​၏ ယူကရိန်း​​​​သူနာပြု ​နေရပ်​သို့​​​ပြန်မည်​ဟု ​ပြောကြား​

alt

လစ်ဗျား​​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီထံတွင် ကာလ​ရှည်ကြာစွာ အမှုထမ်း​ခဲ့​သည့်​ ယူကရိန်း​ သူနာပြု အမျိုး​သမီး​က သူမသည် ​နေရပ်ပြန်​တော့​မည်ဖြစ်​ကြောင်း​ အတည်ပြု ​ပြောကြား​လိုက်သည်။ အာဏာရှင် ဗိုလ်မှူး​ကြီး​ ဂဒါဖီကို လစ်ဗျား​ပြည်သူများ​က အင်အား​ကြီး​မား​စွာ အုံကြွ​​တော်လှန်​လာပြီး​နောက် အသက် ၃၈ နှစ်အရွယ် ​ဟေလိုင်နာ ကို​လော့​နစ်စကာက ယခုလို ဆုံး​ဖြတ်ခဲ့​ခြင်း​​ဖြစ်သည်။

​ဟေလိုင်နာက အသက် ၆၈ နှစ်အရွယ် ဂဒါဖီတစ်​ယောက် လစ်ဗျား​ပြည်သူများ​အား​ ရက်ရက်စက်စက် နှိမ်နင်း​သတ်ဖြတ်​နေခြင်း​ကို စိတ်ပျက်​နေ​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။ အ​မေရိကန် ​ထောက်လှမ်း​ရေး​က ​ဟေလိုင်နာသည် ဂဒါဖီ ငှား​ရမ်း​ထား​သည့်​ ယူကရိန်း​ သူနာပြု အမျိုး​သမီး​ ၄ ဦး​အနက် လစ်ဗျား​အာဏာရှင် အခင်တွယ်ဆုံး​ သူနာပြုဟု ​ဖော်ပြခဲ့​သည်။ ​ဖော်​ကောင်ဝက်ဆိုက် Wikileaks က ဂဒါဖီသည် ရှိုက်ဖိုကြီး​ငယ် အသွယ်သွယ်နှင့်​ ပြည့်​စုံသည့်​ လုံး​ကြီး​ပေါက်လှ သူနာပြုကို အလွန်တပ်မက်​ကြောင်း​ ​ဖော်ပြခဲ့​သေး​သည်။ ယူကရိန်း​တွင် ​နေထိုင်​သော ​ဟေလိုင်နာ၏ သမီး​ဖြစ်သူ တီတိုင်ယာနာ ကို​လော့​နစ်စကာက သူမအား​ မိခင်ဖြစ်သူက ယူကရိန်း​ ပြန်လာမည်ဟု ဖုန်း​ဆက်အသိ​ပေး​ခဲ့​ကြောင်း​၊​ ​ဟေလိုင်နာ၏ အသံမှာ ​အေး​ဆေး​တည်ငြိမ်ပြီး​ သူမအတွက် အန္တရာယ်မရှိဟု ​ပြောကြား​ခဲ့​ကြောင်း​လည်း​ သတင်း​ထောက်များ​ထံ ​ပြောဆိုခဲ့​သည်။

သူမက လစ်ဗျား​တွင် ၉ နှစ်ကြာ ​နေထိုင်ခဲ့​သည့်​ မိခင်နှင့်​ ဂဒါဖီတို့​ကြား​ ဆက်ဆံ​ရေး​ကို မှတ်ချက်​ပေး​ရန် ငြင်း​ဆိုခဲ့​သည်။ သူမ၏ မိခင်သည် သူနာပြု တစ်ဦး​သာဖြစ်​ကြောင်း​၊​ မိမိအား​ ငှား​ရမ်း​ထား​သည့်​ လူနာကို ပြုစု​စောင့်​ရှောက်ရန်သာ အ​ရေး​ကြီး​ကြောင်း​၊​ ဂဒါဖီသည် သူနာပြု တစ်ဦး​အဖြစ် လစ်ဗျား​အမျိုး​သမီး​များ​အား​ ယုံကြည်​လေ့​မရှိ​ကြောင်း​ တီတိုင်နာယာက ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here