အ​မေရိကန်​သမ္မတ​​ဟောင်း​​ဂျော့​ဘုရှ်၏ ​နေအိမ်ကို ဗုံး​​ခွဲရန်​​​ကြံစည်မှုဖြင့်​ ​ဆော်ဒီ​​​​အမျိုး​သား​​​​​​တစ်ဦး​​အား​ ဖမ်း​ဆီး​

alt

ဆော်ဒီ​အာ​ရေဗျ အမျိုး​သား​​တစ်ဦး​အား​ အ​မေရိကန် သမ္မတ​ဟောင်း​ ​ဂျော့​ဘုရှ်​၏ အိမ်​​ဂေဟာကို ဗုံး​ခွဲရန် ကြံစည်မှု​အတွက် ဖမ်း​ဆီး​​ထား​လိုက်​ကြောင်း​ သိရသည်။ တက္ကဆက်တွင် ​ရောက်ရှိ​​နေ​သော ခါလစ်​အလီ အမ်အယ်ဒါဆာရီသည် ဗုံး​ပြုလုပ်​သော ဓာတုပစ္စည်း​နှင့်​ ဆက်စပ်ကိရိယာများ​ကို ဝယ်ယူခဲ့​သည်။

၎င်း၏ သမ္မတ​ဟောင်း​နှင့်​ အခြား​သော အ​မေရိကန် လူမျိုး​များ​​ကို လုပ်ကြံရန် ရည်ရွယ်ခဲ့​ခြင်း​ဖြစ်ပြီး​ အ​မေရိကန်​မြေတွင် ဂျီဟတ်​ခေါ် မြင့်​မြတ်သည့်​ ဘာသာ​ရေး​ စစ်ပွဲကို ဆင်နွှဲရန် ရည်ရွယ်ခဲ့​ခြင်း​ဖြစ်သည်။ ခါလစ်သည် နယူး​ယောက်မြို့​၊​ တိုင်း​စကွဲတွင် ကား​​ဗုံး​ထောင်ရန် စီစဉ်ခဲ့​သော ဖိုင်ဆယ်ရှာဇက်၏ လုပ်ရပ်နှင့်​ ဆင်တူ​သော ပုံစံမျိုး​ ကြိုး​စား​ခဲ့​ခြင်း​ဖြစ်သည်။ လူအသွား​အလာ ရှုပ်​ထွေး​ချိန်တွင် လုပ်ကြံမှု စီမံကိန်း​ကို ကြံစည်ခဲ့​သည့်​ ဖိုင်ဆယ်မှာ ယခုအခါ ​ထောင်ဒဏ်တစ်သက် ချမှတ်ခံထား​ရသည်။ ဓာတုအင်ဂျင်နီယာ ​ကျောင်း​သား​တစ်ဦး​ဖြစ်ပြီး​ အသက် ၂၀ အရွယ်ရှီ​သော ခါလစ်ကို အ​မေရီကန် ​ထောက်လှမ်း​ရေး​က စစ်​ဆေး​နေဆဲဖြစ်သည်။

၎င်းသည် နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုများ​၊​ ​ရေကာတာများ​ကို ​ဖောက်ခွဲဖျက်ဆီး​ရန်နှင့်​ အီရတ်ရှိ နာမည်ဆိုး​ဖြင့်​ ​ကျော်ကြား​သော အဘူဂါရိုက် အကျဉ်း​ထောင်တွင် တာဝန်ထမ်း​ဆောင်ဖူး​သည့်​ အ​မေရိကန် စစ်သည်​ဟောင်း​ ၃ ဦး​ကို လုပ်ကြံရန်ပါ စီစဉ်ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here