အ​မေရိကန်မှ ​ကြောင်​​တစ်​ကောင်​က ​သေခြင်း​​​တရား​​ကို ကြိုတင်​​ခန့်​မှန်း​​​နိုင်​ဟုဆို

alt

အ​မေရိကန်​နိုင်ငံ၊​ နယူး​​အင်္ဂလန်တွင် ​နေထိုင်​သော ​ကြောင်​တစ်​ကောင်သည် ​သေခြင်း​​တရား​ကို ကြိုတင်​​ခန့်​မှန်း​​​နိုင်​ကြောင်း​ သတင်း​ကြီး​​လျက်ရှိသည်။ ​အော်စကာ​ဟု အမည်​ပေး​​ထား​သော ​ကြောင်ကြီး​​မှာ လူအို​သူနာပြု စင်တာ​​​တစ်ခုတွင် ​နေထိုင်ပြီး​ ၎င်း​၏ ပိုင်ရှင်မှာ ကွယ်လွန်​​သွား​ပြီ​​ဖြစ်သည်။ ​

အော်စကာ​သည် လူမမာ တစ်ဦး​​အနီး​တွင် လာထိုင်​နေပြီ​ဆိုလျင် ထိုလူမမာသည် ၂၄ နာရီအတွင်း​ ကွယ်လွန်​သွား​ကြောင်း​ သူနာပြု စင်တာမှ ​ဒေါက်တာ ​ဒေး​ဗစ်ဒိုဆာက ရှင်း​ပြခဲ့​သည်။ ထိုသို့​ ​အော်စကာ ​ဟောကိန်း​ထုတ်ပြီး​ ကွယ်လွန်သူ အ​ရေအတွက်မှာ ၅၀ ​ကျော်​သွား​ပြီ​ဖြစ်သည်။ ထို့​ကြောင့်​ သူနာပြု စင်တာတွင် ​အော်စကာ အနား​လာထိုင်သည့်​ လူနာများ​သည် မိသား​စုများ​ကို ​နောက်ဆုံး​​နှုတ်ဆက်ကြသလို အချို့​ကလည်း​ ဘုန်း​တော်ကြီး​များ​​ထံမှ သရဏဂုံ ကြိုတင်ခံယူကြသည်။ ​

ဒေါက်တာ ဒိုဆာက ​သေခါနီး​ လူများ​တွင် ကာဘိုဟိုက်ဒရိတ်နှင့်​ ကာဘွန်ဒိုင်​အောက်ဆိုက် ဓာတ်​ပေါင်း​များ​ ဆုတ်ယုတ်မှု​​ကြောင့်​ သာမန်နှင့်​ ကွဲပြား​သော ဇီဝဓာတုဖြစ်စဉ်များ​မှ ရနံ့​တစ်မျိုး​မျိုး​ ထွက်လာ​တတ်​ကြောင်း​၊​ ယင်း​ကို ​အော်စကာက ကြိုတင်သိရှိ ခံစား​​တတ်ခြင်း​ ဖြစ်နိုင်​ကြောင်း​ သုံး​သပ်ခဲ့​သည်။ ​ဒေါက်တာဒိုဆာ​သည် ​အော်စကာ၏ ထူး​ခြား​သော စိတ်စွမ်း​အင်နှင့်​ ပတ်သက်၍ မှတ်တမ်း​​စာအုပ်တစ်ခု ပြုစု​​ရေး​သား​ထား​ရာ ၎င်းကို ​ဟောလီး​ဝုဒ် ရုပ်ရှင်​ဇာတ်ကား​​တစ်ခု​အဖြစ် ရိုက်ကူး​​ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here