ကမ္ဘာ့​​​ပထမဆုံး​ အင်တာနက်သုံး​​​​​မော်​တော်ကား​ မိတ်ဆက်​​​ပြသ

alt

ကမ္ဘာ့​​​ပထမဆုံး​ အင်တာနက်​သုံး​ ​မော်​တော်ကား​ဟု တင်စား​​နိုင်သည့်​ ကား​သစ်​တစ်စင်း​ကို ဆွစ်ဇာလန်​နိုင်ငံ၊​ ဂျီနီဗာ ​မော်​တော်ယာဉ် ပြပွဲတွင် မိတ်ဆက်​ပြသလိုက်သည်။ Rinspeed Bamboo ဟု အမည်​​ပေး​ထား​သော ကား​ပေါ်တွင် လိုက်ပါလာ​သော ယာဉ်​မောင်း​သည် ၎င်း၏ စမတ်ဖုန်း​ (သို့​မဟုတ်) iPad ကွန်ပျူတာကို ​မော်​တော်ယာဉ်နှင့်​

ချိတ်ဆက်​ပေး​ထား​​​​​လိုက်ရုံဖြင့်​ email များ​၊​ Facebook နှင့်​ Twitter တို့​မှ Update Message များ​ကို ​မော်​တော်ယာဉ်က အသံထွက် ဖတ်ပြ​နေမည်ဟု သိရသည်။ လျှပ်စစ်စွမ်း​အင်သုံး​ ​မော်​တော်ကား​​ကို ပုံစံ​​​​ထုတ်ခဲ့​သည့်​ ဒီဇိုင်နာ ဟာမန်က အင်တာနက်နှင့်​ တိုက်ရိုက်​ချိတ်ဆက်သည့်​ နည်း​ပညာ​သုံး​ အဆိုပါကား​များ​ကို ၁၈ လ​​အတွင်း​ ​ရောင်း​ချသွား​နိုင်မည်ဟု ​မျှော်လင့်​ကြောင်း​ ​ပြောကြား​​​​ခဲ့​သည်။ ယာဉ်​မောင်း​​သည် Message များ​၊​ Update သတင်း​များ​ကို ဖတ်ပြ​ရန် ​မော်​တော်ယာဉ်အား​ အသံဖြင့်​ ခိုင်း​စေ​​ထိန်း​ချုပ်နိုင်မည်ဟုဆိုသည်။

ကား​အတွင်း​ WiFi စနစ်​​ကို​လည်း​ တပ်ဆင်​ထား​မည်​ဖြစ်ရာ လိုက်ပါ​လာ​သော ခရီး​သည်များ​​သည် Laptop နှင့်​ မိုဘိုင်း​​ကိရိယာများ​ကို အသုံး​ပြုပြီး​ အင်တာနက် သုံး​စွဲနိုင်မည်ဟုလည်း​ သိရသည်။ ထို့​အပြင် ဒီဂျစ်တယ် ​ရေဒီယို ထုတ်လွှင့်​ရုံများ​နှင့်​လည်း​ ချိတ်ဆက်မှုများ​ ပြုလုပ်​နိုင်မည်​ဖြစ်သည်။ ယခု​ကား​ကို အသုံး​ပြုခြင်း​ဖြင့်​ ယာဉ်​မောင်း​သူသည် ကား​ရှေ့​မှန်မှ မျက်စိမခွာဘဲ စကား​ပြောရုံဖြင့်​ အင်တာနက်ကို တိုက်ရိုက်​သုံး​စွဲနိုင်မည်​ဖြစ်​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here