မိုက်ကယ်​​​ဒေါက်ကလက်နှင့်​ ပါပါ​​ရာဇီ​​သတင်း​​သမား​​​​တို့​ ခိုက်ရန်​​ဖြစ်ပွား​

alt

ဟောလီး​ဝုဒ် မင်း​သား​ မိုက်ကယ်​ဒေါက်ကလက်သည် ပါပါရာဇီ သတင်း​မုဆိုး​ တစ်ဦး​နှင့်​ ခိုက်ရန်ဖြစ်ပွား​ခဲ့​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၂၄ ရက်​နေ့​က လန်ဒန်ဟိုတယ်တစ်ခုမှ ဇနီး​ဖြစ်သူ ကက်သရင်း​ ဇီတာဂျံုး​နှင့်​ အတူပြန်ရန် ပြင်ဆင်​နေစဉ် ပါပါရာဇီက ဇီတာဂျံုး​အား​ ကိုယ်ထိလက်​ရောက် ထိပါး​ခဲ့​ကြောင်း​ မိုက်ကယ်က စွပ်စွဲထား​သည်။

ထို​နေ့​က ယင်း​တို့​ ဇနီး​မောင်နှံသည် ​ဝေလမင်း​သား​ ချား​လ်က ​ပေး​အပ်ချီး​မြှင့်​သည့်​ CBE ဘွဲ့​ကို လက်ခံရယူပြီး​ ပြန်လာခြင်း​ဖြစ်သည်။ ယင်း​တို့​သည် ​ဂေါ်ဒွန်ရမ်း​ဆေး​ စား​သောက်ဆိုင်တွင် ည​နေစာစား​ပြီး​ ကား​ဆီသို့​အပြန် သတင်း​ထောက်များ​ ဝန်း​ရံလာခဲ့​သည်။ ထိုအချိန်တွင် ဇီတာဂျံုး​က သတင်း​ထောက်များ​ကြား​ အတင်း​တိုး​ထွက်ရာ တစ်ဦး​နှင့်​ ထိခိုက်မိခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ဟိုတယ်အတွင်း​ ပြန်ဝင်ပြီး​နောက် သတင်း​ထောက်တစ်ဦး​က မိမိအား​ ထိုး​ခဲ့​ကြောင်း​၊​ ထို့​အတွက် ရဲတိုင်မည်ဖြစ်​ကြောင်း​ ​အော်ဟစ်ခဲ့​သည်။ ထို့​အပြင် မိမိအား​ လက်သီး​ဖြင့်​ထိုး​သည်ဆို​သော သတင်း​ထောက်ကိုလည်း​ ဇီတာဂျံုး​က လက်ညှိုး​ထိုး​ပြခဲ့​ရာ မိုက်ကယ်က ​ဒေါသတကြီး​ ဆဲဆိုပြီး​ တိုက်ခိုက်ခဲ့​ခြင်း​ဟု သိရသည်။ Wall Street ဇာတ်ကား​စတား​ မိုက်ကယ်က ရန်ပြုစဉ် သတင်း​ထောက်က ထိုလုပ်ရပ်ကို မိမိမကျူး​လွန်​ကြောင်း​ ​ပြောဆိုခဲ့​သော်လည်း​ မိုက်ကယ်က လက်မခံခဲ့​ချေ။

ယခုထိုး​ကြိတ်မှုနှင့်​ ပတ်သက်ပြီး​ နာမည်​ကျော် စုံတွဲ၏ ကိုယ်စား​လှယ်က ​ဖြေရှင်း​ချက်​ပေး​ရန် ငြင်း​ဆိုခဲ့​သည်။ ​ဝေလဖွား​ အသက် ၄၁ နှစ်အရွယ် ဇီတာဂျံုး​သည် CBE ဘွဲ့​ကို အသက် ၆၁ နှစ်အရွယ် ခင်ပွန်း​နှင့်​အတူ ဘက်ကင်ဂမ် နန်း​တော်တွင် အတူတကွ သွား​ရောက်လက်ခံခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here