နယူး​ဇီလန်​​​​ငလျင်​​ကြောင့်​ ​သေဆုံး​​​​​​ခဲ့​​​သူတို့​၏ ​နေအိမ်များ​ ​ဖောက်ထွင်း​​​ခံရ

alt

နယူး​ဇီလန် ငလျင်​ဘေး​​အတွင်း​ ​သေဆုံး​ခဲ့​သူတို့​၏ အိမ်များ​​​ကို ​ဖောက်ထွင်း​မှု ခံခဲ့​ရသည့်​​​​အတွက် မိသား​စုများ​မှာ ​ဒေါသ​​ထွက်​နေ​ကြောင်း​ သိရသည်။ ရုပ်မြင်သံကြား​ အစီအစဉ်​တင်ဆက်သူ ဒွန်နာမန်နင်​၏ မိသား​စု​သည် ခရစ်ချန့်​မြို့​​​အတွင်း​ ဒွန်နာပိတ်မိ​နေ​သော တိုက်အိမ်​​ရှေ့​တွင် သွား​ရောက်​​စောင့်​ဆိုင်း​နေစဉ် ​နေအိမ်သို့​ မသမာသူများ​ ဝင်​ရောက်ကာ ​ဖောက်ထွင်း​​ခဲ့​သည့်​​အတွက် ဝမ်း​နည်း​​မိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

​ဒေသ​ဆိုင်ရာ ရုပ်မြင်သံကြား​ ဌာန​တစ်ခု ငလျင်​ကြောင့်​ ပြိုကျပြီး​ ဝန်ထမ်း​ ၁၀၀ ​ကျော် ပိတ်မိ​နေရာ ဒွန်နာသည်လည်း​ တစ်ဦး​​​အပါအဝင်ဖြစ်ပြီး​ အပျက်အစီး​များ​ကြား​တွင်ပင် ကွယ်လွန်ခဲ့​သည်။ ​ဖေ​ဖော်ဝါရီ ၂၂ ရက်​နေ့​က ပြင်း​အား​အဆင့်​ ၆.၃ ရှိ​သော ငလျင်ကြီး​ လှုပ်ခတ်ခဲ့​ရာမှ ဒွန်နာပါ ပိတ်မိ​​နေ​သော​ကြောင့်​ သူမ၏ ၁၅ နှစ်နှင့်​ ၁၈ နှစ်အရွယ် က​လေး​နှစ်ဦး​သည် ဖခင်နှင့်​အတူ ပြိုကျ​သော အ​ဆောက်အအုံ​ရှေ့​ ​စောင့်​နေခဲ့​ကြသည်။ သို့​သော်လည်း​ ကန်တာ​ဘာရီ ရုပ်မြင်သံကြား​ ဌာန၏ အ​ဆောက်အအုံအတွင်း​ ပိတ်မိ​နေသူများ​အတွက် ​မျှော်လင့်​ချက် မရှိ​တော့​ပါဟု ကယ်ဆယ်​ရေး​များ​က အသိ​ပေး​ပြီး​နောက် ဝမ်း​နည်း​ကြေကွဲစွာ အိမ်ပြန်လာရာ တစ်ပူ​ပေါ် နှစ်ပူဆင့်​ရမည့်​ ကိစ္စနှင့်​ ကြံုခဲ့​ရခြင်း​ဖြစ်သည်။

ယင်း​ကဲ့​သို့​ ငလျင်​ဘေး​သင့်​သူများ​အတွက် သက်ဆိုင်ရာ မိသား​စုများ​က ပူပန်စွာ သတင်း​သွား​စောင့်​နေစဉ် ​ဖောက်ထွင်း​မှု ကြံုရမှု အ​တော်များ​များ​ ရှိ​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here