ဟား​မတ်​အဖွဲ့​​အား​​​တိုက်ခိုက်ရန် အစ္စ​ရေး​က သတင်း​​​မှား​​​များ​ ထုတ်ပြန်​​​​နေ​​ဟုဆို

alt

ဂါဇာ​အ​ခြေစိုက် ဟား​မတ်​​တပ်ဖွဲ့​များ​က အစ္စ​ရေး​​သည် မိမိတို့​အား​ တိုက်ခိုက်ရန်​​အတွက် သတင်း​မှား​များ​ကို ရည်ရွယ်ချက်​​​ရှိရှိ ထုတ်ပြန်​​​​နေ​ကြောင်း​ စွပ်စွဲ​လိုက်သည်။ အစ္စ​ရေး​တို့​အား​ ပါလက်​စတိုင်း​ဖက်မှ ဒုံး​ကျည်​များ​ဖြင့်​ တိုက်ခိုက်​​နေသည်ဆို​သော သတင်း​များ​​သည် လီဆယ်​​လိမ်ညာ​မှုများ​သာ ဖြစ်သည်ဟု ဟား​မတ်၏ ပြည်ထဲ​ရေး​​ဝန်ကြီး​ဌာနက ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့​တွင် သတင်း​ထုတ်ပြန်ခဲ့​သည်။

ထို့​အပြင် အစ္စ​ရေး​​တို့​သည် အ​နောက်ဖက်ကမ်း​ခြေတွင် ဂျူး​အိမ်ရာများ​ တိုး​ချဲ့​ရန်အတွက် မွတ်ဆလင် ​ဒေသခံများ​ကို အကြီး​အကျယ် နှိပ်ကွပ်​​နေ​ကြောင်း​လည်း​ ဟား​မတ်တို့​၏ သတင်း​ထုတ်ပြန် ​ကြေညာချက်တွင် ​ဖော်ပြထား​သည်။ အစ္စ​ရေး​က ၃ ရက်အတွင်း​ ဂါဇာကမ်း​မြှောင်မှ ပစ်ခတ်လိုက်​သော ဒုံး​ကျည် ၁၀ စင်း​​ထိ အစ္စ​ရေး​မြေတွင် ကျ​ရောက်​ပေါက်ကွဲ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ တိုက်ခိုက်မှုများ​အတွင်း​ အ​သေအ​ပျောက် မရှိဟု အစ္စ​ရေး​ အစိုး​ရကဆိုသည်။

အစ္စ​ရေး​သည် ဟား​မတ်တို့​၏ တိုက်ခိုက်မှုများ​အတွက် ၂၀၀၈ ခုနှစ် ကုန်ခါနီး​​အချိန်တွင် ဂါဇာကို အလုံး​​အရင်း​ ချီတက်ထိုး​စစ်ဆင်ခဲ့​ပြီး​နောက်ပိုင်း​ ဟား​မတ်ဒုံး​ကျည်များ​ကိစ္စမှာ နှစ်ပိုင်း​မျှ ​အေး​ချမ်း​​​နေခဲ့​သော်လည်း​ ယခုလ​အတွင်း​ ဟား​မတ်တို့​ဖက်မှ အကဲစမ်း​ တိုက်ခိုက်လာခြင်း​ဟု အစ္စ​ရေး​က ​ကြေညာသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here