သမိုင်း​​​​​မတိုင်မီ​​ကာလ လူသား​​​​စား​သည့်​​​​​အ​လေ့​အထမှာ ဗြိတိန်​​​​​ကျွန်း​စု​​တွင် ရှိခဲ့​​ကြောင်း​ ​ဖော်ထုတ်​​​နိုင်ခဲ့​

alt

ဗြိတိန်​​​နိုင်ငံရှိ သု​တေ​သန ပညာရှင်များ​က သမိုင်း​​​​မတိုင်မီ ကာလများ​​​အတွင်း​ လူသား​​​စား​သည့်​ အ​လေ့​အထမှာ ဗြိတိန်​​ကျွန်း​စုတွင် တည်ရှိ​​​နေခဲ့​ပြီး​​​ဖြစ်​ကြောင်း​ ​ဖော်ထုတ်​​​အတည်ပြု​​နိုင်ခဲ့​သည်။ ဗြိတိန် သဘာဝ သမိုင်း​​​ပြတိုက်မှ ပညာရှင်များ​က ၎င်းတို့​သည် အသား​​စား​​​ရန် သတ်ဖြတ်ခြင်း​ ခံထား​ရသူ လူ ၃ ဦး​၏ ရုပ်ကြွင်း​များ​​ကို ​တွေ့​ရှိခဲ့​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။

လွန်ခဲ့​သော နှစ်​ပေါင်း​ ၁၄၇၀၀ ဝန်း​​ကျင်က ရှင်သန်​​နေထိုင်ခဲ့​သည့်​ အဆိုပါ လူသား​များ​မှာ ထက်မြက်​သော ​ကျောက်​​လက်နက်များ​ဖြင့်​ လှီး​ဖြတ်ကာ အသား​များ​ကို ယူငင်ပြီး​ အရိုး​များ​ စွန့်​ပစ်မှု ခံခဲ့​ရ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။ ​သေသူများ​၏ ဦး​ခွံများ​​မှာ​လည်း​ လှီး​ဖြတ်ခံရပြီး​ ​ရေ​သောက်သည့်​ ပန်း​ကန်လုံး​များ​အဖြစ် အသုံး​ပြုခဲ့​ကြောင်း​လည်း​ ပညာရှင်များ​ကဆိုသည်။ ထို​ခေတ်က လူသား​များ​သည် ​ဆွေမျိုး​​သား​ချင်း​များ​ ​သေဆုံး​ချိန်တွင် ​မြေမြှုပ်သည့်​ အ​လေ့​အထကို ရရှိ​​နေပြီ​ဖြစ်​သော်လည်း​ ယခု​စွန့်​ပစ်ထား​သည့်​ အ​လောင်း​များ​ကမူ ဇာတ်တူသား​စား​သော စရိုက်​​လက္ခဏာကို ညွှန်ပြ​နေ​ကြောင်း​ သု​တေသန ပညာရှင် ခရစ်စထရင်း​ဂါး​က ​ပြောကြား​ခဲ့​သည်။

ထိုစဉ်က ၎င်းတို့​ မစား​သောက်လို​သော အ​လောင်း​များ​ကို သီး​ခြား​နေရာ တစ်ခုတွင် မြှုပ်နှံ​လေ့​ ရှိသည်ကိုလည်း​ မိမိတို့​ ​လေ့​လာ​တွေ့​ရှိခဲ့ရကြောင်း​ ​ဒေါက်တာ စထရင်း​ဂါး​က ရှင်း​ပြသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here