ပန်း​သီး​​​စား​ခြင်း​က အရွယ်တင်​​နုပျို​စေ​နိုင်​ကြောင်း​ သု​တေသီများ​​​​ပြောကြား​

alt

ပန်း​သီး​သည် အရွယ်တင်​နုပျို​စေသည့်​ သဘာဝ ​ဆေး​​စွမ်း​ကောင်း​ တစ်မျိုး​ဖြစ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။ ပန်း​သီး​တွင် ပါဝင်​သော ဓာတ်များ​က အသက်ရှည်ခြင်း​အတွက် အာနိသင်​ရှိသလို ဇရာ​ကြောင့်​ ဖြစ်​ပေါ်လာသည့်​ မျက်နှာ​အ​ရေး​​အ​ကြောင်း​များ​ကို တား​ဆီး​ပေး​နိုင်သည်ဟု ပညာရှင်များ​က ယုံကြည်​နေကြသည်။

ငယ်ရွယ်စဉ်ကတည်း​က ပန်း​သီး​ကို ပုံမှန်စား​သုံး​လာခြင်း​က ဇရာကို အတိုင်း​အတာ တစ်ခုထိ ဟန့်​တား​ထား​နိုင်​ကြောင်း​ စိုက်ပျိုး​ရေး​နှင့်​ အစား​အ​သောက် ဓာတု​ဗေဒ ဂျာနယ်တွင် ​ဖော်ပြထား​သည်။ ထို့​အပြင် ပန်း​သီး​ကို ပုံမှန်စား​သုံး​ပါက ပန်း​သီး​တွင် ပါဝင်သည့်​ ကျန်း​မာ​ရေး​ အ​ထောက်အကူပြု ဓာတု​ဗေဒ ဓာတ်များ​က အသက်အရွယ် ကြီး​ရင့်​လာချိန်တွင် အထိုင်အထ အသွား​အလာ ပိုမိုလွယ်ကူ ​ပေါ့​ပါး​စေ​ကြောင်း​ တရုတ်သု​တေသီများ​ကလည်း​ ​ထောက်ခံ​ပြောဆိုခဲ့​သည်။ ထို့​အပြင် ပန်း​သီး​သည် နှလုံး​ဖောက်ပြန်မှုနှင့်​ ​လေဖြတ်ခြင်း​တို့​ ဖြစ်နိုင်​ခြေကို ၂၀ ရာခိုင်နှုန်း​စာမျှ ​လျှော့​ချ​ပေး​နိုင်​ကြောင်း​လည်း​ သိရသည်။

ပန်း​သီး​ကဲ့​သို့​ပင် အရည်ရွှမ်း​သော စ​တော်ဘယ်ရီနှင့်​ အခြား​သစ်သီး​ အချို့​တို့​သည်လည်း​ အိုမင်း​ရင့်​ရော်မှုကို အထိုက်အ​လျောက် တား​ဆီး​​ပေး​နိုင်​ကြောင်း​ သု​တေသီများ​ကဆိုသည်။ ပန်း​သီး​၏ DNA နှင့်​ ပတ်သက်၍ နိုင်ငံ ၅ ခုမှ သု​တေသီ ၁၀၀ နီး​ပါး​ စု​ပေါင်း​လေ့​လာပြီး​နောက် ယင်း​၏ ​ကောင်း​ကျိုး​များ​ကို ​ဖော်ထုတ်​ခဲ့​ခြင်း​​ဖြစ်​ကြောင်း​ သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here