ညဉ့်​​နက်ချိန်​​အထိ Online ဂိမ်း​​​​​ကစား​ခြင်း​​ကို ဗီယက်နမ်​​​အစိုး​ရ တား​မြစ်ရန်​​​​စီစဉ်

alt

ဗီယက်နမ် အစိုး​ရက နိုင်ငံ​အတွင်း​ Online ဂိမ်း​များ​ ညဖက်​အချိန်လွန်သည်​အထိ ကစား​နေခြင်း​ကို တား​မြစ်ရန် စီစဉ်​​နေ​ကြောင်း​ သိရသည်။ ပုံမှန်​အား​ဖြင့်​ အလုပ်ခွင်မှ အိမ်အပြန် ညအချိန်များ​တွင်သာ Online ဂိမ်း​များ​ ကစား​ရန် အဆင်​ပြေ​သော်လည်း​ ဗီယက်နမ် အစိုး​ရက နိုင်ငံအတွင်း​ရှိ အင်တာနက် ဝန်​ဆောင်မှု ​ထောက်ပံ့​သည့်​ ကုမ္ပဏီများ​အား​

​နေ့​စဉ် ည ၁၀ နာရီမှ နံနက် ၈ နာရီအထိ Online ဂိမ်း​များ​ မကစား​နိုင်​အောင် ပိတ်ပင်ထား​ပေး​ရန် ​တောင်း​ဆိုလိုက်သည်။ ယင်း​သို့​ ​တောင်း​ဆိုခြင်း​မှာ Online ဂိမ်း​များ​ စွဲမြဲစွာ ကစား​ခြင်း​ကြောင့်​ ဗီယက်နမ် လူငယ်ပိုင်း​တွင် ​ဘေး​ထွက်ဆိုး​ကျိုး​ သက်​ရောက်မှုများ​ ရှိလာမည်ကို စိုး​ရိမ်​သော​ကြောင့်​ဟုဆိုသည်။

ဗီယက်နမ်တွင် စုစု​ပေါင်း​ လူဦး​ရေ၏ ၂၆ ရာခိုင်နှုန်း​ ဝန်း​ကျင်မျှနှင့်​ ညီမျှသည့်​ လူ​ပေါင်း​ ၂၃ သန်း​ကျော်မှာ ပုံမှန်အင်တာနက် သုံး​စွဲလျက်ရှိသည်။ ထို့​ကြောင့်​ အစိုး​ရ၏ ကြံစည်မှု အထ​မြောက်သွား​ပါက အင်တာနက် သုံး​စွဲသူ ​မြောက်မြား​စွာကို သက်​ရောက်​​ထိခိုက်ဖွယ် ရှိ​နေသည်။ အင်တာနက် ဝန်​ဆောင်မှု ​ထောက်ပံ့​သည့်​ ကုမ္ပဏီများ​သည် ယင်း​သတ်မှတ်ထား​သည့်​ လိုင်း​ဖြတ်​တောက်မှုအတွက် မတ်လ ၃ ရက်​နေ့​မတိုင်မီ ​ဆောင်ရွက်​ရမည်ဟု ဗီယက်နမ် သတင်း​အချက်အလက်နှင့်​ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာ​ခဲ့​သည်။

ဗီယက်နမ် အစိုး​ရသည် ညပိုင်း​တွင် Online ဂိမ်း​များ​ ​ဆော့​ကစား​ရင်း​ ရန်ဖြစ်​​ထိုး​ကြိတ်မှုများ​ ထူထပ်​လာခြင်း​ကြောင့်​လည်း​ ညသန်း​ခေါင်ယံ အချိန်တွင် အင်တာနက် မြန်နှုန်း​များ​ ​လျှော့​ချရန် အမိန့်​ကို စက်တင်ဘာလက ထုတ်ပြန်ခဲ့​သေး​ကြောင်း​ သိရှိ​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here