သစ္စာရှိ သံ​ယောဇဉ်​ကြီး​​လှ​သည့်​ ဗြိတိန်​​စစ်သည်​​၏ ​ခွေး​

alt

အာဖဂန် နစ္စတန် စစ်​မြေပြင်တွင် တာဝန်ထမ်း​ဆောင်​နေ​သော ဗြိတိန်စစ်သည် တစ်ဦး​၏ ဗုံး​ရှာ​သော​ခွေး​သည် သခင်ဖြစ်သူ တိုက်ပွဲတွင် ကျဆုံး​ပြီး​နောက် ရင်ကွဲနာကျကာ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ဒုတပ်ကြပ် လီယန်တက်စကာသည် တာလီဘန်တို့​နှင့်​ ဖြစ်ပွား​သော စစ်ပွဲတွင် ကျဆုံး​ခဲ့​ခြင်း​ဖြစ်ပြီး​နောက် ၎င်း၏ ဗုံး​ရှာ​ဖွေ​ရေး​ခွေး​ သီယိုပါ လိုက်လံ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် လီယန်နှင့်​ ၂၂ လသား​ ​ခွေး​ကြီး​မှာ ဘက်ညီ​သော လက်တွဲ​ဖော်များ​ဖြစ်ပြီး​ ၅ လအတွင်း​ လက်လုပ်ဗုံး​ ၁၄ လုံး​ကို ရှာ​ဖွေဖယ်ရှား​ပေး​ခဲ့​သည်။ ပြီး​ခဲ့​သည့်​ လကမှ ကာကွယ်​ရေး​ ဝန်ကြီး​ဌာန၏ တရား​ဝင်ဝက်ဆိုက်ရှိ အင်တာဗျူး​တစ်ခုတွင် လီယန်က မိမိ၏ အလုပ်ကို နှစ်သက်မြတ်နိုး​ပြီး​ သီယိုနှင့်​အတူ လုပ်ကိုင်​နေရခြင်း​က စိတ်ချမ်း​သာစရာဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သေး​သည်။ မတ်လ ၁ ရက်​နေ့​ကမူ ဟယ်မန်တွင် ပြုလုပ်​သော စစ်ဆင်​ရေး​ တစ်ခုအတွင်း​ လီယန်နှင့်​ သီယိုတို့​မှာ ​ရှေ့​တန်း​တွင် ဗုံး​များ​ကို တက်​ရောက်ရှာ​ဖွေခဲ့​ရသည်။

သို့​သော်လည်း​ တာလီဘန်တို့​က စတင်ပစ်ခတ်ပြီး​နောက် လီယန်မှာ ကျည်ဆန်ထိမှန် ​သေဆုံး​သွား​ခဲ့​သည်။ လီယန်၏ အ​လောင်း​ကို ကမ့်​ဘေစတင် အ​ခြေစိုက် စခန်း​သို့​ ပြန်လည်သယ်​ဆောင်လာချိန်တွင်မူ ​ခွေး​ကြီး​သီယိုမှာလည်း​ ရင်ကွဲနာကျပြီး​ ​သေဆုံး​သွား​ခဲ့​ခြင်း​ဖြစ်သည်။ လီယန်၏ မိသား​စုက လီယန်သည် သူရဲ​ကောင်း​ ပီသစွာ ကျဆုံး​သွား​ခြင်း​အတွက် ဂုဏ်ယူ​ကြောင်း​၊​ ၎င်းသည် ဘဝတ​လျှောက် အ​ကောင်း​ဆုံး​ မိတ်​ဆွေအဖြစ် သီယိုနှင့်​အတူ ရှိခွင့်​ရခဲ့​ခြင်း​အတွက်လည်း​ ဘုရား​သခင်အား​ ​ကျေး​ဇူး​တင်ရှိ​ကြောင်း​ ​ကြေညာခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here