၃ နှစ်​အရွယ်​​က​လေး​ငယ်​အား​ ​ရေခဲ​​​သေတ္တာ​​တွင်​​ထည့်​၍ ဒဏ်​​​ပေး​​သူအား​ ရုံး​တင်​​စစ်​ဆေး​

alt

အပြစ်ရှိသည်ဟု သတ်မှတ်​သော ၃ နှစ်​အရွယ် က​လေး​​ငယ် တစ်ဦး​​အား​ ​ရေခဲ​သေတ္တာ တစ်ခု​အတွင်း​​ထည့်​၍ ဒဏ်​ပေး​သူ တစ်ဦး​အား​ တရား​ရုံး​တင် စစ်​ဆေး​​နေ​ကြောင်း​ သိရသည်။ ဘင်္ဂလား​ဒေ့​ရှ်ဖွား​ အသက် ၄၈ နှစ်အရွယ် စား​သောက်ဆိုင် အလုပ်သမား​ မိုဟာမက်ဟူစိန်သည် ကြီး​မား​သော ​ရေခဲ​သေတ္တာ တစ်ခု၏ အ​ပေါ်ဖက် အသား​ငါး​ထည့်​သည့်​ အလွန်​အေး​သော အခန်း​ထဲ မိန်း​က​လေး​ငယ် တစ်ဦး​အား​ ထည့်​ခဲ့​ကြောင်း​ စွပ်စွဲခံထား​ရသည်။

ဗြိတိန်နိုင်ငံ၊​ ရှက်ဖီး​ခ​ရောင်း​ တရား​ရုံး​က ဟူစိန်သည် အသက် ၁၀ နှစ်အရွယ် က​လေး​ငယ် တစ်ဦး​အ​ပေါ် ပူပြင်း​သော ​သောက်စရာ အရည်များ​ ​လောင်း​ချမှု၊​ ၃ နှစ်အရွယ် ​ယောက်ျား​လေး​ တစ်ဦး​အား​ အင်္ကျီချိတ်သည့်​ ချိတ်တွင် ချိတ်ခဲ့​မှုတို့​အပြင် က​လေး​များ​ ဆူညံစွာ ​ဆော့​ကစား​တိုင်း​ လိုက်လံရိုက်နှက်မှုများ​ဖြင့်​ စွဲချက်တင်ထား​သည်။ ထို့​အပြင် အသက် ၃ နှစ်နှင့်​ ၁၂ နှစ်ကြား​ မိန်း​က​လေး​ ၃ ဦး​နှင့်​ ​ယောက်ျား​လေး​တစ်ဦး​ကို ခါး​ပတ်၊​ တုတ်စသည်ဖြင့်​ ရိုက်ခဲ့​မှုများ​အတွက်လည်း​ စစ်​ဆေး​ခံ​နေရပြီး​ ဟူစိန်ကမူ စွဲချက်အား​လုံး​ကို ငြင်း​ဆိုထား​သည်။ ထို့​အပြင် အသက် ၄၂ နှစ်အရွယ် အမျိုး​သမီး​တစ်ဦး​၏ မျက်နှာကို သစ်သား​ယောက်မ တစ်ခုဖြင့်​ ရိုက်မှုမှာလည်း​ စွဲချက်တင်ခံထား​ရဆဲဖြစ်သည်။

တရား​ရုံး​ရှေ့​နေများ​က ဟူစိန်သည် က​လေး​မ​လေး​အား​ ​ရေခဲ​သေတ္တာထဲ နှစ်ကြိမ်ထည့်​သည်ကို ​တွေ့​မြင်​သော သက်​သေတစ်ဦး​ရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ကြား​လူတစ်ဦး​မှတဆင့်​ ထွက်ဆိုခဲ့​သည့်​ သက်​သေက သူမသည် ဟူစိန်လက်ချက်​ကြောင့်​ က​လေး​သေဆုံး​မည်ကိုပင် ဆိုး​ရိမ်ခဲ့​မိ​ကြောင်း​ ​ပြောဆိုသွား​ခဲ့​သည်။ ဗြိတိန်သို့​ အသက် ၁၆ နှစ်ကတည်း​က ​ပြောင်း​ရွှေ့​လာသည့်​ ဟူစိန်သည် က​လေး​များ​အား​ အကြမ်း​ဖက်မှု ၁၆ ခုစာမျှအတွက် တရား​​စွဲဆို ခံထား​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here