Nintendo 3DS ဂိမ်း​​စက်​အား​ စတင်​​ရောင်း​ချပြီး​ ၂၄ နာရီ​​အတွင်း​ Hack လုပ်​နိုင်သူ​​ထွက်​ပေါ်​လာ

alt

ဂျပန်နိုင်ငံ Nintendo ကုမ္ပဏီက ၎င်းတို့​၏ နာမည်​က​ကျော် 3DS လက်ကိုင်​​ဂိမ်း​စက်ကို ​ရောင်း​ချခဲ့​ရာ စတင်​ရောင်း​ချပြီး​ ၂၄ နာရီ မပြည့်​မီပင် ယင်း​ကို Hack လုပ်နိုင်သူ ထွက်​ပေါ်လာ​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့​က စတင်​ရောင်း​ချပြီး​နောက် ၂၄ နာရီ မပြည့်​မီပင်

အဆိုပါ ဂိမ်း​စက်ကို Hack လုပ်နိုင်မည့်​ နည်း​လမ်း​အား​ R4i အမည်ရှိ Hacker အဖွဲ့​မှ Hacker များ​က လက်​တွေ့​ပြသထား​သည့်​ ဗီဒီယိုကို YouTube ဝက်ဆိုက်တွင် လွှင့်​တင်ခဲ့​သည်။ ယင်း​တို့​သည် 3DS မတိုင်မီက Nintendo DS အတွက် ​ရောင်း​ချခဲ့​သည့်​ ဂိမ်း​များ​ကို ကြား​ခံ Memory တစ်ခု အသုံး​ပြုကာ Pirate Software အဖြစ် 3DS ​ပေါ်တွင် Run ပြခဲ့​သည်။ သို့​သော်လည်း​ အခြား​သော ​နေရာတစ်ခုမှ 3DS ကို Hack လုပ်နိုင်မည် မဟုတ်ဘဲ ကိုယ်တိုင်သုံး​စွဲသူများ​ကသာ ယင်း​ကို ​ဆောင်ရွက်နိုင်မည်ဟုဆိုသည်။

3DSကို ဂျပန်တွင် စတင်​ရောင်း​ချခဲ့​ရာ နှစ်ရက်အတွင်း​ အလုံး​ရေ ​လေး​သိန်း​နီး​ပါး​ ​ရောင်း​ထွက်ခဲ့​သည်။ 3DSကို မတ်လ ၂၅ ရက်​နေ့​ မတိုင်မီ ဥ​ရောပသို့​ တင်ပို့​ရောင်း​ချဦး​မည် မဟုတ်​ပေ။ Nintendo သည် 3DS ကို ကြီး​မား​သော Screen များ​တွင်သာ အသုံး​ပြုနိုင်သည့်​ 3D နည်း​ပညာအား​ လက်ကိုင်ဂိမ်း​စက်​လေး​ပေါ် ​ရောက်လာ​အောင် ပို့​ဆောင်​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​အပြင် 3D မြင်ကွင်း​​အတွက် မျက်မှန်တပ်ရန် မလိုခြင်း​ကလည်း​ Nintendo ၏ 3D နည်း​ပညာအတွက် ​ခြေလှမ်း​သစ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့​သည်။

3DS သည် Nintendo ၏ ​ရောင်း​​အ​ကောင်း​ဆုံး​ လက်ကိုင်ဂိမ်း​စက်အဖြစ် ရပ်တည်နိုင်ဖွယ် ရှိ​သော်လည်း​ အမြင်​အာရုံ ထိခိုက်​နိုင်​ကြောင်း​ သတိ​ပေး​ ​ဖော်ပြချက်များ​ ပြုလုပ်​ထား​ရသဖြင့်​ ​ရောင်း​အား​​​ကဏ္ဍတွင် အတန်ငယ် အကန့်​အသတ် ဖြစ်လာ​နိုင်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here