Armani အတွင်း​ခံနှင့်​ ဂျင်း​​အဝတ်အထည်​​အတွက် မီဂန်​ဖော့​စ်​၏ ​ကြော်ငြာ​​ဓာတ်ပုံ​​သစ်များ​ ထွက်​ပေါ်လာ

alt

Emporio Armani အတွက် အတွင်း​ခံနှင့်​ ဂျင်း​အဝတ်အထည်များ​ မီဂန်​ဖော့​စ်၏ ​ကြော်ငြာ​ဓာတ်ပုံသစ်များ​ ထွက်​ပေါ်လာ​ကြောင်း​ သိရသည်။ Transformers မင်း​သမီး​ဟောင်း​ ​ဟောလီး​ဝုဒ်​စတား​သည် အမျိုး​သမီး​​ဝတ် အတွင်း​ခံ အဝတ်အထည်များ​နှင့်​ ညှို့​ဓာတ်ပြင်း​ပြင်း​ လှပ​​​နေ​ကြောင်း​ ပရိသတ်များ​က ချီး​ကျူး​ခဲ့​သည်။

Armani ၏ ၂၀၁၁ ခုနှစ်အတွက် အ​ရောင်း​မြှင့်​တင်​ရေး​ ​ကြော်ငြာ​လှုပ်ရှား​မှုတွင် အသက် ၂၄ နှစ်အရွယ် မင်း​သမီး​က အချိုး​အစား​ ကျန​သော ခန္ဓာကိုယ် အလှအပဖြင့်​ ကိုယ်ဟန်​ပြခဲ့​ခြင်း​ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ​ဆေး​မင်​ကြောင်များ​ကို အသား​ပေး​ ​ဖော်ပြထား​ပြီး​ Armani တံဆိပ် ဂျင်း​​ဘောင်း​ဘီကို အဓိကထား​ ​ကြော်ငြာရန် အ​ပေါ်ပိုင်း​ ဗလာကျင်း​ထား​သော ဓာတ်ပုံမျိုး​လည်း​ ပါရှိသည်။ Armani က ယင်း​ဓာတ်ပုံများ​နှင့်​အတူ ရိုက်ကူး​​ထား​သည့်​ ဆွဲ​ဆောင်မှုရှိ​သော ဗီဒီယို ​ကြော်ငြာကို မကြာမီ သီတင်း​ပတ် အနည်း​ငယ်​အတွင်း​ ထုတ်လွှင့်​​သွား​မည်ဟု ​ကြေညာထား​သည်။ ​

ဖော့​စ်သည် လက်ရှိတွင် Friends With Kids ဇာတ်ကား​တွင် ပါဝင်သရုပ်​ဆောင်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here