တရုတ်​နိုင်ငံမှ ဂိမ်း​​​ဝါသနာ​အိုး​ သုံး​ရက်​​ဆက်တိုက် ဂိမ်း​​​ကစား​​ပြီး​နောက် ​သေဆုံး​

alt

တရုတ်နိုင်ငံမှ ဂိမ်း​ဝါသနာအိုး​ တစ်ဦး​သည် သုံး​ရက်ဆက်တိုက် အင်တာနက် ဂိမ်း​များ​ကို စွဲစွဲလန်း​လန်း​ ကစား​ရာမှ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ အသက် ၃၀ ​ကျော် အရွယ်ရှိ အမည်မ​ဖော်ပြ​သော ပုဂ္ဂိုလ်သည် အစား​အ​သောက်ကိုပင် အလွန်နည်း​ပါး​စွာ စား​သောက်ပြီး​ ကွန်ပျူတာ​ရှေ့​မှ သုံး​ရက်လုံး​ လုံး​ဝနီး​ပါး​ မထဘဲ ဂိမ်း​ကစား​ခဲ့​ခြင်း​ဖြစ်သည်။ ​

ဖေ​ဖော်ဝါရီလ ၂၁ ရက်​နေ့​ကမူ ၎င်းသည် ရုတ်တရက် လဲကျပြီး​ ကိုမာဝင်ကာ အသိမဲ့​ ​မေ့​မြောသွား​ခဲ့​သည်။ ပြီး​ခဲ့​သည့်​ တစ်လအတွင်း​ ယွမ်​ငွေ တစ်​သောင်း​ဖိုး​မျှ အင်တာနက်ဂိမ်း​ ကစား​ရန် သုံး​စွဲခဲ့​သော ထိုသူကို နီး​စပ်ရာ ​ဆေး​ခန်း​သို့​ ပို့​ဆောင်ခဲ့​သော်လည်း​ မကြာမီ ​သေဆုံး​သွား​ခဲ့​သည်။ ၎င်းဂိမ်း​ကစား​သည့်​ အင်တာနက်က​ဖေး​မှ ကွန်ပျူတာများ​ကို ဖယ်ရှား​ကာ ရဲများ​က စစ်​ဆေး​ခဲ့​သော်လည်း​ လုပ်ကြံသတ်ဖြတ်မှု သဲလွန်စမျိုး​ မ​တွေ့​ရ​သော​ကြောင့်​ တစ်စုံတစ်ဦး​ ပ​ယောဂ မပါဘဲ ​သေဆုံး​ခြင်း​အဖြစ် အတည်ပြုခဲ့​သည်။

ယခုဖြစ်ရပ်က တရုတ်နိုင်ငံတွင် အင်တာနက်စွဲလန်း​သူ အ​ရေအတွက် ထိုး​တက်လာခြင်း​ကြောင့်​ စိုး​ရိမ်ပူပန်မှုများ​ကို ပိုမိုမြင့်​တက်လာ​စေသည်။ စစ်တမ်း​များ​အရ တရုတ်နိုင်ငံတွင် အင်တာနက် စွဲ​နေသူ သန်း​ ၃၀ ​ကျော်ရှိ​ကြောင်း​ သိရသည်။ တရုတ်တွင် အင်တာနက် သုံး​စွဲသူ စုစု​ပေါင်း​ သန်း​ ၄၅၀ ​ကျော်မျှရှိပြီး​ အင်တာနက်ဂိမ်း​များ​ ​ဆော့​ကစား​ခြင်း​သည် အလွန်​ပေါ်ပြူလာဖြစ်​သော ကိစ္စတစ်ခုဟုလည်း​ တရုတ်သတင်း​ဌာနများ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here