လစ်ဗျား​​​​အာဏာရှင်​​ကဒါဖီ​အား​ နိုင်ငံ​တကာ ရာဇဝတ်မှု​​ခုံရုံး​က စုံစမ်း​​​​​​စစ်​ဆေး​ရန်​​​​စီစဉ်​နေ

alt

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး​အဖွဲ့​ (ICC) က လစ်ဗျား​​​အာဏာရှင် မူအမ်မာ ဂဒါဖီနှင့်​ ပတ်သက်ပြီး​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​အတွက် စုံစမ်း​သွား​ရန် စီစဉ်​နေ​ကြောင်း​ သိရသည်။ ICC မှ ​ရှေ့​နေ လူး​ဝစ်မိုရီနို အိုကမ်ပိုက နယ်သာလန်​​နိုင်ငံ ဟိဂ်မြို့​​တရား​ရုံး​တွင် ဂဒါဖီ၏ ​ဖေ​ဖော်ဝါရီ ၁၅ ရက်​နေ့​နောက်ပိုင်း​ အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​အ​ပေါ်

ရက်စက်ကြမ်း​တမ်း​စွာ နှိမ်နင်း​ခဲ့​မှုများ​ကို စွဲချက်တင်နိုင်ရန် ကြိုး​ပမ်း​​မည်ဟု မတ်လ ၁ ရက်​နေ့​က ​ပြောကြား​ခဲ့​သည်။

ဆန္ဒပြသူများ​ကို ဂဒါဖီက အကြမ်း​ဖက် နှိမ်နင်း​မှုများ​ ပြုလုပ်ခဲ့​ရာ လူ​ပေါင်း​ ၁၀၀၀ ထက်မနည်း​ ​သေဆုံး​မည်ဟု ကုလသမဂ္ဂ​က ခန့်​မှန်း​​ထား​သည်။ ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဘန်ကီမွန်း​ကလည်း​ တစ်ကမ္ဘာလုံး​က လစ်ဗျား​အ​ရေး​အတွက် စုံစမ်း​မှုများ​ ပြုလုပ်ရန် စိတ်တူကိုယ်တူ ​တောင်း​ဆို​နေ​ကြောင်း​၊​ ဂဒါဖီသည် လူ့​အခွင့်​အ​ရေး​ကို ဆိုး​ရွား​စွာ ချိုး​ဖောက်ခဲ့​မှုများ​ ရှိ​နေသည်ဆို​သော စွပ်စွဲချက်အ​ပေါ် တိတိကျကျ စုံစမ်း​သွား​ရန် လိုအပ်​ကြောင်း​ သုံး​သပ်​ပြောဆိုသွား​သည်။ အ​မေရိကန်က ဂဒါဖီ လက်ချက်​ကြောင့်​ ​သေဆုံး​သူ အ​ရေအတွက်မှာ ၂၀၀၀ အထက် ရှိလိမ့်​မည်ဟု ခန့်​မှန်း​ထား​သည်။

မတ်လ ၂ ရက်​နေ့​က ဂဒါဖီ၏ တပ်များ​သည် လစ်ဗျား​အ​ရှေ့​ပိုင်း​ရှိ ​ရေနံအထွက် ကြွယ်ဝ​သော ​ဒေသများ​ကို ထိုး​စစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့​သော်လည်း​ အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​၏ လက်နက်ကိုင်ခုခံကာ ရွပ်ရွပ်ချွံချွံ တုန့်​ပြန်ခဲ့​ပြီး​နောက် ဆုတ်ခွာခဲ့​ရသည်။ ဂဒါဖီက မိမိအား​ ဆန့်​ကျင်တိုက်ခိုက်​နေသူများ​မှာ နိဂုံး​လှမည် မဟုတ်​ကြောင်း​၊​ မိမိသည် ​နောက်ဆုံး​အချိန်ထိ တိုက်ပွဲဝင်သွား​ရန် ဆုံး​ဖြတ်ထား​ပြီး​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here