ကာမ​​အား​တိုး​​​ဆေး​​အတု ​ရောင်း​ချသူ ဓာတ်ခွဲ​ခန်း​​​​​ဝန်ထမ်း​အား​ ​ထောင်ဒဏ်​​​ချမှတ်

alt

ဗြိတိန်တွင် ကာမ​​​အား​တိုး​ဆေး​ အတုများ​ ​ရောင်း​ချ​​နေသူ ဓာတ်ခွဲခန်း​ ဝန်ထမ်း​​​တစ်ဦး​​အား​ ​ထောင်ဒဏ်​​ချမှတ်လိုက်​ကြောင်း​ သိရသည်။ လန်ဒန်မြို့​၊​ ဖူဟမ်အရပ်တွင် ​နေထိုင်​သော အသက် ၃၂ နှစ်​အရွယ် ခရစ်စတီယန် ဝင်ကယ်သည် လန်ဒန်​ကောလိပ်တွင် နည်း​ပြ​တစ်ဦး​​အဖြစ် တာဝန်​​ထမ်း​ဆောင်​​နေရာမှ အလုပ်​ထွက်ပြီး​ Cialis C20 ​ဆေး​ပြား​​တုများ​ ထုတ်လုပ်ရန် အလုပ်​​ထွက်ခဲ့​သည်။

ထို​ဆေး​များ​ကို Lilly UK က တရား​ဝင် လိုင်စင်ယူ ထုတ်လုပ်​လျက်ရှိသည်။ ဒတ်ချ်နွယ်ဖွား​ ဝင်ကယ်​သည် လန်ဒန်အ​ရှေ့​ပိုင်း​ တိုက်ခန်း​တွင် လိင်​စိတ်ကြွ​ဆေး​များ​ ထုတ်လုပ်ရန် စီစဉ်​ခဲ့​ကြောင်း​ ဝန်ခံ​​ခဲ့​သည်။ ၎င်းက Lilly UK ၏ ပုံရိပ်ကို မှီခိုအသုံး​ချခဲ့​မိ​ကြောင်း​ ထွက်ဆိုခဲ့​ပြီး​နောက် ​ထောင်ဒဏ် လ​ပေါင်း​ ၄၀ နီး​ပါး​မျှ ချမှတ်​ခံခဲ့​ရသည်။ တရား​သူကြီး​ ရီ​ကော်ဒါ ​ဒေါက်ဂလက်​ဒေး​က စီရင်ချက် မချမီတွင် ဝင်ကယ်အား​ ၎င်းသည် အလွန်​ဉာဏ်ရည်​ထက်မြက် ထူး​ချွန်သူ တစ်ဦး​​​ဖြစ်​ကြောင်း​ ချီး​ကျူး​ခဲ့​ပြီး​ ယခုလို​နေရာတွင် ​တွေ့​ရှိရခြင်း​မှာ ဝမ်း​နည်း​​စရာ​ကောင်း​ကြောင်း​ ​ပြောကြား​သွား​သည်။

ဝင်ကယ်၏ ​ဆေး​ဝါး​တု လုပ်ငန်း​တွင် အကူအညီ ​ပေး​ခဲ့​သည့်​ ​တော့​တင်ဟမ် အရပ်​နေ အသက် ၃၆ နှစ်အရွယ် ဆာဖာဘား​ဆာဒီသည်လည်း​ ​ထောင်ဒဏ် ၂၁ လ ချမှတ်ခံခဲ့​ရသည်။ ဝင်ကယ်၏​ချစ်သူ အသက် ၃၃ နှစ်အရွယ် ယူလီဆန်ဒိုဗယ် မိုရာသည်လည်း​ ပူး​ပေါင်း​ကြံစည်မှု​အတွက် အပြစ်ရှိ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိရ​သော်လည်း​ ​ထောင်ဒဏ် ၈ လ ပြစ်ဒဏ်ကို ဆိုင်း​ငံ့​​ပေး​ထား​​လိုက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here