ကမ္ဘာ့​​​ပထမဆုံး​ ကိုယ်​လက်​​အင်္ဂါ​​အတု​​​ပြလုပ်မှု ရှာ​ဖွေ​​​​တွေ့​ရှိ

alt

ရှေး​ဟောင်း​​​အီဂျစ် မံမီများ​ ပိုင်ဆိုင်​သည့်​ ​ခြေမ​​အတု နှစ်ခုအား​ ဆရာဝန်များ​က ကမ္ဘာ့​​​ပထမဆုံး​ ကိုယ်လက်​​​အင်္ဂါ အတု​ပြုလုပ်မှု​​အဖြစ် ယူဆ​​နေ​ကြောင်း​ သိရသည်။ ​ခြေမ​​နှင့်​ ဆင်တူပြီး​ ​ရှေး​ဟောင်း​​​ပိရစ်များ​​​အတွင်း​ ​တွေ့​ရသည့်​ ပစ္စည်း​​​နှစ်ခု​အား​ ယ​နေ့​ခေတ် ​ခြေမ​မရှိသူ နှစ်ဦး​ထံ တပ်ဆင်ကြည့်​ရာ ကိုက်ညီမှု​ရှိ​ကြောင်း​ ဗြိတိန်​နိုင်ငံ၊​ မန်ချက်စတာ တက္ကသိုလ်မှ ဦး​ဆောင်​​သု​တေသီ ​ဒေါက်တာ​ဂျင်ကီဖင့်​ချ်က ​ပြောကြား​​ခဲ့​သည်။

ယခု​ခြေတုများ​အား​ သန့်​ရှင်း​စွာ ထား​ရှိသည့်​အခါ ချွတ်ရတပ်ရ လွယ်ကူ​စေ​ကြောင်း​၊​ ထို့​အပြင် လမ်း​လျှောက်​သည့်​​အခါ ဟန်ချက်​ညီ​အောင် အကူအညီများ​စွာ ဖြစ်​စေ​ကြောင်း​ ​ဒေါက်တာ​ဖင့်​ချ်က လန်ကက်​ဂျာနယ်သို့​ ​ပြောကြား​ခဲ့​သည်။ သူမက ​ခြေမများ​သည် ခန္ဓာ​ကိုယ် အ​လေး​ချိန်၏ ၄၀ ရာခိုင်နှုန်း​မျှကို ထမ်း​ပိုး​ပေး​ထား​ရသဖြင့်​ အ​ခြေ​မျှတစွာ ရပ်တည်မှု​အတွက် များ​စွာအ​ရေး​ပါ​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ယခု​​တွေ့​ရှိ​သော ​ခြေမ​တုများ​ကို အီဂျစ်တို့​က အမှန်တကယ် အသုံး​ပြုခဲ့​သည့်​ဆိုပါက လူ့​သမိုင်း​တွင် လှုပ်ရှား​​ရပ်တည်မှု​အတွက် အမှန်တကယ် လိုအပ်​သော ကိုယ်​အင်္ဂါ အစိတ်အပိုင်း​အတုများ​ ပထမဆုံး​ ပြုလုပ်နိုင်မှုဟု မှတ်ယူ​ရမည်ဖြစ်​ကြောင်း​ ​ဒေါက်တာဖင့်​ချ်က မှတ်ချက်ပြု ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here