၁၇ ထပ်အမြင့်​တွင် မှန်​​ဆေး​​နေသူများ​​အား​ အ​ရေး​ပေါ်​ကယ်တင်ခဲ့​ရ

alt

အ​မေရိကန်နိုင်ငံ၊​ ဗာဂျီး​နီး​ယား​ရှိ မီး​သတ်ဌာန ဝန်ထမ်း​များ​သည် ၁၇ ထပ်​အမြင့်​မှ ပြူတင်း​ပေါက်မှန် ​ဆေး​ကြောသူများ​အား​ ကယ်တင်ခဲ့​ရ​ကြောင်း​ သိရသည်။ ​နော်​ဖော့​မီး​သတ်ဌာန အကြီး​အကဲ ဟယ်ရီ​ဝေါ်လီက ​ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့​က အ​ဆောက်အအုံ တစ်ခု၏ အပြင်ဖက်တွင် မှန်​ဆေး​​သူများ​ အသုံး​ပြုသည့်​ ဆိုင်း​ကြိုး​ကို ထိန်း​ချုပ်သည့်​ ​

မော်တာမှာ မီး​ လောင်ပျက်စီး​သွား​ပြီး​နောက် မှန်​ဆေး​သူနှစ်ဦး​ ​လေထဲတွင် တွဲ​လောင်း​ဖြစ်​နေခဲ့​သည်။ BB&T အ​ဆောက်အအုံတွင် ယင်း​ကိစ္စ ​ပေါ်​ပေါက်ခဲ့​ပြီး​နောက် မီး​သတ်ဌာန၏ အထူး​လေ့​ကျင့်​ထား​ သော ဝန်ထမ်း​များ​က အမိုး​ပေါ်မှ ​အောက်ဖက် ၁၅ ​ပေနှင့်​ ၂၅ ​ပေအကွာတွင် အသီး​သီး​ ရှိ​နေ​သော မှန်သန့်​ရှင်း​ရေး​ သမား​များ​ကို ကယ်တင်ခဲ့​ရ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

၎င်းတို့​နှစ်ဦး​အား​ မိနစ် ၄၀ အတွင်း​ အပြီး​သတ် ကယ်တင်နိုင်ခ့​ကြောင်း​လည်း​ ​ဝေါ်လီက ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here