သတို့​သမီး​​တစ်ဦး​အား​ ဆု​​​အဖြစ် ချီး​မြှင့်​သည့်​ နယူး​​ဇီလန်မှ ​ရေဒီယို​​အစီအစဉ်

alt

နယူး​ဇီလန်နိုင်ငံရှိ ​ရေဒီယိုဌာန တစ်ခုသည် သတို့​သမီး​တစ်ဦး​ ဆုအဖြစ် ရယူနိုင်မည့်​ Win a Bride အစီအစဉ်အတွက် ​ဝေဖန်မှုများ​ ခံ​နေရ​ကြောင်း​ သိရသည်။ ယင်း​အစီအစဉ်အရ အနိုင်ရရှိသူသည် ယူကရိန်း​သို့​ သွား​ရောက်ပြီး​ ထိုနိုင်ငံရှိ ​အေဂျင်စီ တစ်ခုမှ မိတ်ဆက်​ပေး​မည့်​ အမျိုး​သမီး​ တစ်ဦး​ကို သတို့​သမီး​အဖြစ် ​ရွေး​ချယ်နိုင်မည်ဖြစ်သည်။

MediaWork က စီဆင်သည့်​ အဆိုပါ ပြိုင်ပွဲတွင် အနိုင်​ရရှိသူသည် နယူး​ဇီလန်​ဒေါ်လာ ၂၀၀၀ ကိုလည်း​ ရရှိမည်ဖြစ်သည်။ သို့​သော်လည်း​ ယခုအစီအစဉ်သည် အဆန်း​ထွင်မှု တစ်ခုသာဖြစ်​ကြောင်း​ ​ ဝေဖန်မှုများ​ ထွက်​ပေါ်လျက်ရှိသည်။ ထို့​အပြင် ဆုအဖြစ် ရရှိမည့်​ အခွင့်​အ​ရေး​အရ လက်ထပ်ရမည့်​ ယူကရိန်း​ အမျိုး​သမီး​သည် နယူး​ဇီလန်သို့​ ပြန်လိုက်လာခွင့်​ မရ​သော​ကြောင့်​ စီစဉ်မှု ညံ့​ဖျင်း​ကြောင်း​ သုံး​သပ်မှုများ​လည်း​ ထွက်​ပေါ်ခဲ့​သည်။ MediaWork ကမူ ၎င်းတို့​၏ အစီအစဉ်သည် ​ရေဒီယို ပရိသတ်အား​ စွဲ​ဆောင်နိုင်မည်ဟု ​မျှော်လင့်​နေသည်။

ယင်း​အစီအစဉ်သို့​ ပါဝင်လိုသူများ​သည် ​ဖေ​ဖော်ဝါရီလ ၂၈ ရက်​နေ့​ထိ ဆက်သွယ်နိုင်မည်ဖြစ်သည်။ အစီအစဉ်မှူး​ ဒါရိုက်တာ ဘရက်ကင်း​က ယခုအစီအစဉ်သည် သတို့​သမီး​တစ်ဦး​ လက်​ ဆောင်ရယူရန်သာဖြစ်​သော​ကြောင့်​ ယူကရိန်း​တွင် လက်ထပ်ပြီး​ပါက နယူး​ဇီလန်သို့​ ပြန်လာရန်ဖြစ်​ကြောင်း​၊​ မိမိတို့​သည် ယူကရိန်း​မှ သတို့​သမီး​ကို နယူး​ဇီလန်ထိ ​ခေါ်လာခွင့်​ပေး​ရန် ကတိမ​ပေး​နိုင်​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here