​ဘောလီး​ဝုဒ်ဇာတ်ကား​များ​ ပြသခွင့်​ ပါကစ္စတန်တွင် ပိတ်ပင်

alt

ပါကစ္စတန် နိုင်ငံက အိမ်နီး​ချင်း​ အိန္ဒိယမှ ​ဘောလီး​ဝုဒ် ဇာတ်ကား​များ​ကို ပြသခွင့်​ ပိတ်ပင်လိုက်​ကြောင်း​ သိရသည်။ ​ဘောလီး​ဝုဒ် ဇာတ်ကား​များ​မှ သီချင်း​များ​၊​ ကကွက်များ​သည် အရှက်အ​ကြောက် ကင်း​မဲ့​ပြီး​ ​အောက်တန်း​ကျသဖြင့်​ ယခုကဲ့​သို့​ ဆုံး​ဖြတ်ခဲ့​ခြင်း​ဟု ပါကစ္စတန် ယဉ်​ကျေး​မှု ​ကောင်စီက ​ကြေညာခဲ့​သည်။

လာဟိုရှိ ​ကောင်စီက အိန္ဒိယ အဆိုအကများ​သည် အ​ဖော်အချွတ်များ​၊​ အရှက်ကင်း​မဲ့​သည့်​ ပြကွက်များ​ ပါဝင်ပြီး​ စီး​ပွား​ရေး​ကိုသာ အဓိကထား​သဖြင့်​ မသင့်​မ​လျော်မှုများ​ဖြင့်​ ပရိသတ်ကို ဖမ်း​စား​နေ​ကြောင်း​၊​ ယင်း​တို့​သည် ပါကစ္စတန်၏ ယဉ်​ကျေး​မှု၊​ ဓ​လေ့​ထုံး​စံကို ညစ်နွမ်း​စုတ်ပြတ်သွား​စေနိုင်​ကြောင်း​ ​ကောင်စီ အကြီး​အကဲ အက်စမန် ပီယာဇာဒါက ​ပြောဆိုသွား​သည်။

ပါကစ္စတန်၏ စီး​ပွား​ဖြစ် ရုပ်ရှင်ရုံများ​အဖွဲ့​မှ ဒါရိုက်တာ ​ချောင်ဒူဟာရီ ဇာဖီကွာကမူ ​ကောင်စီ၏ ပိတ်ပင်မှုကို ပြင်း​ပြင်း​ထန်ထန် ကန့်​ကွက်ခဲ့​ပြီး​ ယင်း​သည် ရုပ်ရှင်ရုံများ​အား​ ကြီး​မား​စွာ ထိခိုက်​စေ​ကြောင်း​ စွပ်စွဲ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here