ဗြိတိန်​​​တော်ဝင်​မင်း​သား​​ဝီလျံနှင့်​ ကိတ်မစ်​ဒယ်တန်တို့​ စိန့်​အင်ဒရူး​​​တက္ကသိုလ်​သို့​ သွား​ရောက်​​လည်ပတ်​မည်

alt

မကြာမီ ထိမ်း​မြား​​လက်ထပ်ကြ​တော့​မည့်​ ဗြိတိန်​​တော်ဝင်​မင်း​သား​ ဝီလျံနှင့်​ ကြင်ရာ​​တော်​လောင်း​ ကိတ်မစ်ဒယ်တန်တို့​သည် စိန့်​အင်ဒရူး​ တက္ကသိုလ်သို့​ ပြန်လည်​သွား​ရောက် လည်ပတ်​မည်ဟု သိရသည်။ ဖိုင်ဖီ​​တောင်း​ရှိ တက္ကသိုလ်တွင် ချစ်သူဘဝ စခဲ့​သော စုံတွဲသည် တက္ကသိုလ် နှစ် ၆၀၀ ပြည့်​ အထိမ်း​အမှတ် အခမ်း​အနား​သို့​ သွား​ရောက်လည်ပတ်ရန် စီစဉ်​ နေသည်။

စိန့်​အင်ဒရူး​ တက္ကသိုလ်မှ တာဝန်​ရှိသူများ​ကလည်း​ ၎င်းတို့​၏ ဂုဏ်ထူး​ဆောင် ဧည့်​သည်များ​ကို အထူး​​လက်ဖွဲ့​တစ်ခု ​ပေး​အပ်ရန် စဉ်း​စား​နေကြသည်။ ဧပြီလ ၂၉ ရက်​နေ့​တွင် လက်ထပ်မည့်​ ကိတ်နှင့်​ ဝီလျံတို့​သည် ၂၀၀၅ ခုနှစ်က စိန့်​အင်ဒရူး​တွင် ​ကျောင်း​သူ ​ကျောင်း​သား​များ​အဖြစ် စတင်​တွေ့​ဆုံခဲ့​ကြသည်။ မင်း​သား​ဝီလျံသည် ပထဝီဝင် ဘာသာရပ်ဖြင့်​ ဘွဲ့​ရခဲ့​ ပြီး​ ကိတ်ကမူ အနုပညာ သမိုင်း​​ဘာသာဖြင့်​ ဘွဲ့​ရခဲ့​သည်။ ယင်း​တို့​​နှစ်ဦး​သည် စ​ကော့​တလန်​၏ သက်တမ်း​​အရင့်​ဆုံး​ တက္ကသိုလ်မှ ထွက်ခွာ​ခဲ့​သော်လည်း​ သံ​ယောဇဉ်​မပြတ်ဘဲ တက္ကသိုလ်၏ ​ကျောင်း​သား​​သစ် ​ထောက်ပံ့​ရေး​နှင့်​ ဘွဲ့​သင်တန်း​​အသစ်များ​ ဖန်တီး​ရေး​ ရံပုံ​ငွေ​အတွက် ​ပေါင်စတာလင် ၁၃ သန်း​မျှ ပိုမို​ရရှိ​အောင် အတူကြိုး​စား​ပေး​ခဲ့​သည်။

တက္ကသိုလ်​ ဝန်ထမ်း​နှင့်​ ​ကျောင်း​သူ​ကျောင်း​သား​ ရာ​ပေါင်း​​​များ​စွာတို့​သည် ၎င်းတို့​​​ချစ်ခင်​လေး​စား​သည့်​ တော်ဝင်​မင်း​သား​တို့​ စုံတွဲကို ဝမ်း​ပန်း​​တသာ နှုတ်ဆက်ရန် ပြင်ဆင်​​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here