အ​ဖော်​အချွတ်​​​ဇာတ်ကား​​များ​​ကို နှစ်သက်သည့်​ ကင်မရွန်​​ဒီယက်စ်

alt

ကင်မရွန်​​ဒီယက်စ်က သူမသည် အ​ဖော်အချွတ် ဇာတ်ကား​များ​​ကို နှစ်သက်​​သ​ဘောကျ​ကြောင်း​ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောကြား​​လိုက်သည်။ နာမည်​ကျော် ​ဟောလီး​ဝုဒ် မင်း​သမီး​က ဆွဲ​ ဆောင်မှုနှင့်​ ညှို့​အား​ပြင်း​ပြ​သော သရုပ်​ဆောင်မှုမျိုး​ကို ရင်ခုန်​မိ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

အသက် ၃၈ နှစ်​အရွယ် မင်း​သမီး​သည် Bad Teacher ဆို​သော ဇာတ်ကား​တွင် ဆွဲ​ဆောင်မှုရှိ​သော သရုပ်​ဆောင်​ချက်များ​ဖြင့်​ ဖမ်း​စား​ထား​ခဲ့​သည်။ သူမအား​ ဂျင်မီကင်မဲက အင်တာဗျူး​​တစ်ခုတွင် အပြာဇာတ်ကား​များ​နှင့်​ ပတ်သက်၍ မည်သို့​မည်ပုံ ထင်မြင်​ကြောင်း​ ​မေး​မြန်း​ခဲ့​ရာ ကင်မရွန်က ထိုဇာတ်ကား​များ​ကို နှစ်သက်​ကြောင်း​ ရဲရဲရင့်​ရင့်​ ​ဖြေဆိုသွား​ခြင်း​ဖြစ်သည်။ Charlie’s Angels စတား​ ကင်မရွန်သည် ဇာတကား​သစ်တွင် သူမ၏ ချစ်သူ​ဟောင်း​ အဆို​တော် ဂျက်စတင် တင်း​ဘား​လိတ်နှင့်​ အတူတွဲ သရုပ်​ဆောင်​ထား​သည်။

ထိုဇာတ်ကား​တွင် ကင်မရွန်သည် ​ဆေး​ခြောက်များ​ပါ သုံး​စွဲတတ်သည့်​ ခပ်ဆိုး​ဆိုး​ အမျိုး​သမီး​​တစ်ဦး​​အသွင် ပါဝင်​ နေသည်။ ဇာတ်ကား​သစ်ကို ဇွန်လတွင် ရုံတင်ရန် စီစဉ်​ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here