အမျှင်​ဓာတ်ပါ​သော အစား​​အ​သောက် စား​သုံး​ခြင်း​​ဖြင့်​ အသက်​ပိုရှည်နိုင်

alt

အမျှင်​ဓာတ်ပါ​သော အစား​​အစာများ​သည် အသက်ရှည်​ဆေး​ တစ်မျိုး​​ဖြစ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​​ခဲ့​သည်။ အမျှင်ဓာတ် များ​များ​​ပါ​သော အစား​အ​သောက်များ​သည် နှလုံး​ ရောဂါ၊​ အသက်ရှူ​လမ်း​ကြောင်း​​ဆိုင်ရာ ​ရောဂါများ​နှင့်​ ​ရောဂါ​ပိုး​ဝင်ခြင်း​တို့​ကို ဖြစ်နိုင်​စေ ​လျော့​ကျသွား​စေ​ကြောင်း​ အသစ်​တွေ့​ရှိသည့်​

သု​တေသန ရလဒ်တစ်ခုကို ကိုး​ကား​ပြီး​ Archieves of Internal Medicine ဂျာနယ် ဝက်ဆိုက်တွင် ​ဖော်ပြခဲ့​သည်။

​နေ့​စဉ် အမျှင်ဓာတ် ကြွယ်ဝ​သော အစား​အ​သောက်များ​ကို ပုံမှန်စား​သုံး​သော အမျိုး​သား​ အမျိုး​သမီး​များ​သည် သာမန်ထက် အသက်ရှည်ရှည် ​နေနိုင်ရန် ၂၂ ရာခိုင်နှုန်း​ ဖြစ်နိုင်​ခြေ ပိုများ​ကြောင်း​ အ​မေရိကန်နိုင်ငံ၊​ ​ရော့​ဗီး​ရှိ အမျိုး​သား​ ကင်ဆာ​ရောဂါ သု​တေသန ဌာနမှ သု​တေသီ ယစ်ယန်ပက်က ​ပြောကြား​ခဲ့​ သည်။ သို့​သော်လည်း​ ၎င်းတို့​ ရည်ညွှန်း​သည့်​ အမျှင်ဓာတ် ​ပေါကြွယ်ဝ​သော အစား​အစာများ​ဆိုသည်မှာ နှံစား​သီး​နှံများ​ကိုသာ ရည်ညွှန်း​ပြီး​ အခြား​သော သစ်သီး​သစ်ဥ၊​ ဟင်း​သီး​ဟင်း​ ရွက်များ​တွင် အလား​တူ အာနိသင်မျိုး​ မ​တွေ့​ရဟု ယင်း​က ဆက်လက်ရှင်း​ပြခဲ့​သည်။

သု​တေသီများ​က နှံစား​သီး​နှံများ​မှ အမျှင်ဓာတ်ပါ​သော အစား​အစာများ​သည် ​သွေး​အတွင်း​ ကိုလက်စထ​ရော ပမာဏကို ထိန်း​ညှိ​ပေး​နိုင်သလို ဆီး​ချိုကိုလည်း​ တား​ဆီး​ပေး​နိုင်စွမ်း​ရှိ​ကြောင်း​ ​ထောက်ခံ​ပြောဆိုထား​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here